.ကော.
အဆောင်တော်ထဲမှာ ဝတ်ရုံလေးချွတ်ရန်ပြင်နေသည့် ကောအနားကိုသွားကာ လက်ကလေးကိုဆွဲကိုင်လိုက်တော့ ကောကပြန်လှည့်ကြည့်လာလေသည်။
.ကိုယ်တောင်းပန်ပါတယ် ကော ကောမသိခင်ဆေးတိုက်ခဲ့မိတဲ့အတွက် ကိုယ်တောင်းပန်ပါတယ်.
.ရပါတယ် မင်းပြောခဲ့သလိုပဲ ဒီဆေးဆိုတာသိသိကြီးနဲ့ ကောသောက်နိုင်မယ်မထင်ဘူး ဒါကြောင့်မင်းလုပ်ခဲ့တာ ကောင်းပါတယ် စိတ်မဆိုးပါဘူး.
.ကျေးဇူးတင်လိုက်တာ ကောရာ ကိုယ်ကကောကို ဒီရောက်မှသေချာပြောပြမလို့လုပ်ထားတာပါ.
.ကောတို့ကြားမှာ ကျေးဇူးတင်တယ်ဆိုတဲ့စကားက မလိုပါဘူးအရှင်ရယ်.
.ချစ်လိုက်တာ ကောရယ်.
ကောရဲ့ကိုယ်လေးကိုညင်သာစွာပွေ့ဖက်မိလေတော့ အလိုက်သင့်လေးရင်ခွင်ထဲခိုဝင်လာလေသည်။ ကျောပြင်သေးသေးလေးကို အသာအယာပွတ်ပေးမိရင်း ကောကိုယ်လေးရဲ့နွေးထွေးမှုကိုခံစားနေမိသည်။
.ကိုယ် ဒီလိုနေ့ကိုစောင့်နေခဲ့မိတာ ကော.
.ဘာကိုလဲဟင်.
.အခုလိုကောရဲ့ကိုယ်လေးကို တရားဝင်ထိတွေ့ခွင့်ရမယ့်နေ့ ကောဘက်ကကြည်ဖြူစွာနဲ့ကိုယ့်ကိုလိုက်လျောလာမယ့်နေ့လေးကို ကိုယ်စိတ်ကူးတွေယဉ်နေခဲ့တာပါ အခုဒီလိုနေ့ရက်တွေပိုင်ဆိုင်နေရတယ်ဆိုတာ အခုထိကိုယ်မယုံနိုင်သေးဘူးကောရယ်.
....
.ကောအချစ်ကိုလည်းကိုယ်ရခဲ့ပြီ ကောနဲ့မိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ရတော့မှာ ကိုယ်တကယ်ဒီအရာတွေနဲ့ထိုက်တန်ရဲ့လားဆိုတာမသိတော့ဘူးကောရာ.
.မထိုက်တန်ဘူးဆိုတာမရှိပါဘူး အရှင်ရယ် အရှင့်အချစ်တွေကစစ်မှန်ခဲ့လို့သာ ဒီလိုအေုခအနေကိုပိုင်ဆိုင်ခဲ့ရတာပါ အရှင်လည်းကြားထဲမှာအရမ်းခက်ခဲနေခဲ့မှာပါ အရှင်ဒီနေရာကိုလွယ်လွယ်ရခဲ့တာမဟုတ်တာမို့ အရှင်ကဒိနေရာနဲ့ထိုက်တန်သလို ကောအချစ်တွေကိုလည်းပေးဖို့အကောင်းဆုံးလူပါပဲအရှင်ရယ်.
.ကိုယ့်အနားမှာ အခုချိန်ထိရှိနေပေးလို့ကိုယ်အရမ်းပျော်တယ် ကော ကိုယ့်ဘေးနားမှာစိတ်ဆင်းရဲခံပြီးနေခဲ့ရတဲ့နေ့ရက်တွေအတွက် ကိုယ်ပြန်ပေးဆပ်ပါ့မယ်.
YOU ARE READING
အရှင့်အတွက်ဆိုရင်
Historical Fictionအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်