နာကျင်စွာလက်သီးကိုဆုပ်နေလိုက်ပြီး အမှတ်မထင် မြင်လိုက်ရသည့် သူမရဲ့ဂါဝန်အနားစလေးနားက ဖြူဖြူလေးကြောင့်မျက်မှောင်ကြုတ်မိကာ လိုက်ကြည့်မိလေတော့
.ဟင်.
သူမလမ်းလျှောက်လိုက်တိုင်း တစ်ချက်တစ်ချက်လစ်ဟာသွားသည့် ဂါဝန်စကြားကမြင်လိုက်ရတာက ခြေထောက်မှာစည်းထားသည့်ပတ်တီးဖွေးဖွေးလေး။ ထိုပတ်တီးလေးကို မြင်လိုက်သည်နှင့် သူမကိုလှမ်းခေါ်လိုက်မိလေသည်။
.အပျိုတော်ထိန်း.
.ဟုတ်ကဲ့ပါ ကြင်ယာတော်.
.ဟို အပျိုတော်ထိန်းရဲ့သင်တန်းသူတွေထဲမှာ မနေ့ကထိခိုက်မိတဲ့အပျိုတော်တွေများရှိသလား.
ကိုယ်မေးလိုက်တာကို ချက်ချင်းပင်မျက်နှာပျက်သွားသည့်အပျိုတော်ထိန်းက ဟန်မဆောင်နိုင်အောင် သွေးစုပ်ဖြူသွားလေပြီးမှ အားတင်းကာပြန်ပြုံးလိုက်ရင်း သူမထိခိုက်ထားသည့်ခြေထောက်ကလေးတစ်ဖက်ကိုလည်း မသိမသာအနောက်ပစ်ရင်းရပ်လိုက်တာကို သတိထားမိလိုက်သည်။ ဒါပေမယ့် သူမ မသိလိုက်တာကထိုသို့လုပ်လိုက်မှ ဂါဝန်အစလေးလှစ်ဟသွားပြီးပတ်တီးလေးကပိုပေါ်သွားသည်ဆိုတာကိုပါ။ သူမ မသိအောင်မဲ့ပြုံးကိုပြုံးလိုက်မိလေသည်။
.မရှိ မရှိပါဘူး ကြင်ယာတော် ဘာလို့လဲဟင်.
.မနက်က သမားတော်က စာရင်းတွေလိုက်ကောက်နေလို့လေ အဲ့တာကြောင့်ရှိရင်တစ်ခါထဲပေး ပေးမလို့ပါ အပျိုတော်ထိန်းတွေကသမားတော်တွေနဲ့သိပ်မဆက်ဆံရတော့ ကျနော်ကပဲကိုယ်စားပြောပေးမလို့.
.ကျေး ကျေးဇူးတင်ပါတယ် ကြင်ယာတော်ဒါပေမယ့် ထိခိုက်မိတဲ့သူမရှိပါဘူး.
.သြော်.
.ဒါဆို ကျွန်မကိ်ုခွင့်ပြုပါဦး.
.ကောင်းပါပြီ.
သူမထွက်သွားသည်နှင့် အားတင်းရင်းမတ်တပ်ရပ်နေရာကနေ အားလျော့ကာထိုင်ချလိုက်မိရင်း မျက်ရည်တွေကျလာရလေသည်။ ဒီတစ်ခါမျက်ရည်တွေကနာကျင်မှုတွေမဟုတ်ပါ။ ရိပေါ် ရိပေါ် ရိပေါ်ကျနော့်ကို မညာခဲ့ဘူးပဲ။ရိပေါ်ကျနော့်ကိုမညာခဲ့ဘူး။ သူကျနော့်အပေါ်ကို မလိမ်ညာခဲ့ဘူး။ သူမကသာကျနော်တို့ကြားကိုဝင်ခဲ့တာ။ သူမကလိမ်ခဲ့တာ။ သူမ ခြေထောက်ထိခိုက်လို့ နေရတာပါလို့ရိပေါ်ပြောခဲ့တယ်။ အမှန်ပင်သူမခြေထောက်မှာပတ်တီးစည်းထားသည်လေ။ ဒါပေမယ့် သူမကဒါကိုချန်လှပ်ပြီးပြောခဲ့တာ။ သူမဘာလို့သည်လိုလုပ်တာလဲ အရင်ပြောခဲ့တာတွေကလည်း လိမ်ညာခဲ့တာလားအမှန်တွေလားဆိုတာ ဘာမှမစဉ်းစားနိုင်သေးခင် ပျော်ရွှင်မြူးတူးနေသည့်ရင်ဘတ်က ရိပေါ်ကြောင့်ပါ။ ရိပေါ်ကြောင့်သာခုန်ပေါက်နေခဲ့ခြင်းပင်။
YOU ARE READING
အရှင့်အတွက်ဆိုရင်
Historical Fictionအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်