ရိပေါ်ကို အနီးကပ်စောင့်ကြည့်နေသည့်တစ်ချိန်လုံး မသင်္ကာစရာကောင်းသည့်အချိန်က စာကြည့်ဆောင်မှာရှိနေတတ်သည့်အချိန်ပဲ ဖြစ်သည်။စာကြည့်ဆောင်ထဲဝင်သွားပြီဆို တော်တော်နှင့်ပြန်ထွက်မလာတတ်တာကို သတိထားမိတာမို့ ဒီနေ့အခြေအနေကိုသိချင်ကာ ရေနွေးကြမ်းပို့သလို အခြေအနေဖန်တီးလိုက်ကာ လိုက်လာမိသည်။ အထိန်းတော်ကြီးက ကိုယ့်ကိုမြင်သည်နှင့် အထဲကိုသတင်းလှမ်းပို့လိုက်တာ တားချိန်ပင်မရလိုက်ပေ။
.ကြင်ယာတော် ရောက်လာပါတယ်မင်းသား.
.ဝင်ခဲ့ခိုင်းလိုက်ပါ.
ကိုယ်လည်း အချိန်ဆွဲမနေပဲတံခါးဖွင့်ကာ အမြန်ဝင်ခဲ့လိုက်ပြီး အခန်းထဲကိုမျက်လုံးအသာဝေ့ကြည့်လိုက်မိလေတော့ စာကြည့်ခန်းနောက်ထဲက အကန့်လေးထဲကိုလှစ်ခနဲဝင်သွားသည့် အရိပ်ကလေးတစ်ခုကို ဖျတ်ခနဲတွေ့လိုက်ရလေသည်။ ထိုနေရာကိုအာရုံစိုက်ကြည့်နေမိစဉ် ရိပေါ်ကကိုယ့်ရှေ့ရောက်လာတာမို့ ဟန်ဆောင်ပြုံးလိုက်ရသည်။
.ကော အကြောင်းမကြားဘာမကြားနဲ့ဘယ်လိုလုပ်ပြီးရောက်လာတာလဲ.
.အကြောင်းမကြားပဲ ရောက်လာတာအဆင်မပြေဖြစ်စေလို့လားဟင်.
.မဖြစ်ပါဘူးကောရယ် ကိုယ်က ရုတ်တရက်ကြီးကောကဒီလိုရောက်ချလာတော့ ပျော်ပြီးမယုံနိုင်ဖြစ်နေလို့ပါ ကိုယ်ကတော့ကောအခုလို ကိုယ့်ဆီလာတာပျော်တာပေါ့.
ရိပေါ်ကပြောကာ ကိုယ့်ရဲ့ပခုံးလေးကိုလာဖက်လိုက်လေတော့ ရှောင်လိုက်ချင်သည့်စိတ်ကိုမနည်းထိန်းချုပ်ထားရလေသည်။ အနောက်ဘက်ခန်းထဲကို ဝင်ပြေးသွားတုန်းကလှပ်ခနဲမြင်လိုက်ရသည့်ဝတ်ရုံစက သေချာပေါက်မိန်းကလေးဂါဝန်အစလေး။ ဖြစ်နိုင်ရင် အခုချက်ချင်း အပြင်ကိုပြေးထွက်ကာ လိုက်ကြည့်လိုက်ချင်ပေမယ့် ဘာကိုမှမသိရသေးသည့်အခြေအနေမှာမို့အောင့်အီးထားလိုက်ရလေတော့သည်။
.ရိပေါ် နောက်ကျတဲ့အထိအလုပ်လုပ်ရင် အိပ်ချင်ပြေအောင်လို့ရေနွေးကြမ်းလေးလုပ်လာပေးတာ.
အထိန်းတော်က ရေနွေးကြမ်းအိုးလေးကိုလာချပေးကာ အလိုက်တသိနဲ့ပြန်ထွက်သွားလေတော့ ရိပေါ်ကကိုယ့်ရဲ့မျက်နှာလေးကိုမေးလေးကနေပင့်မော့ကိုင်လာပြီး
YOU ARE READING
အရှင့်အတွက်ဆိုရင်
Historical Fictionအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်