လိုတာတွေဝယ်မည်ဟုဆိုကာ ထွက်ခဲ့ပြီးမှဘာဝယ်ရမှန်းမသိဖြစ်နေမိသည်။ တကယ်ကရိပေါ်နဲ့အတူတူအပြင်ထွက်လာချင်လို့သာ ထွက်လာခဲ့တာ ဘာမှဝယ်စရာကမရှိ။ နန်းတွင်းမှာလိုအပ်တာတွေအကုန်ပြင်ဆင်ထားတာတွေကတကယ့်အကောင်းစားတွေချည်း ထုပ်ပိုးပေးထားတာမို့ အကုန်အဆင်သင့်လေးယူသွားရုံပင်။ သွားရင်ယူသွားရမည့်အထုပ်အပိုးတွေထဲဘာတွေလိုသေးလဲဆိုတာကို စဉ်းစားနေရကာ ဘာမှစဉ်းစားလို့မရတာမို့တဖြေးဖြေးမျက်မှောင်ကြုတ်လာမိစဉ်
.ရိပေါ်.
ကိုယ့်ရဲ့လက်တွေကိုရုတ်တရက်ဆုပ်ကိုင်လာသည့် ရိပေါ်ရဲ့လက်နွေးနွေးတွေကြောင့် ပြန်မော့ကြည့်လိုက်မိတော့ ရိပေါ်ကပြုံးပြလာလေပြီး
.ဒီအတိုင်းပဲ ဈေးထဲလျှောက်ကြည့်ကြတာပေါ့ ဝယ်စရာရှိတာတွေနောက်မှဝယ်ပြီး အခုကောစားချင်နေတာတွေပဲလိုက်စားကြရအောင်.
.အင်း.
ကိုယ့်ရဲ့မျက်နှာရိပ်မျက်နှာကဲကိုသိလွန်းစွာ ပြောလာသည့်ရိပေါ်ကြောင့်ကျေနပ်မိရင်း ခေါင်းတဆတ်ဆတ်ငြိမ့်ကာ အဖြေပေးလိုက်မိလေတော့ ရိပေါ်ကလက်ကလေးကိုဆွဲကာ ခေါ်လေတော့သည်။ရိပေါ်လက်ထဲမှာဆုပ်ကိုင်ထားခံရသည့်ကိုယ့်လက်တွေကိုကြည့်ကာ ခိုးပြုံးလိုက်မိလေသည်။ ရိပေါ်လက်ထဲမှာနစ်ဝင်နေတဲ့ကိုယ့်လက်တွေကို သဘောကျတယ်ရယ်။
.ရိပေါ် ကွင်းပစ်တိုင်းကစားကြရအောင်လေ.
.အင်း.
ကိုယ်လိုချင်တဲ့အရုပ်ကလေးကိုကွင်းနဲ့ပစ်ကာ ကစားရသည့်ဆိုင်ထဲဝင်လိုက်တော့ ရိပေါ်ကဆိုင်ရှင်ကိုငွေစပေးကာ ကွင်းလေးတွေကိုယူပေးသည်။ ကျနော်ကတော့ကွင်းလေးကိုယူလိုက်ပြီး အဝေးမှာထောင်ထားသည့် ယုန်ရုပ်သေးသေးလေးကိုချိန်ကာပစ်လိုက်လေတော့....
.ဟေး ရသွားပြီ မှန်သွားပြီ ရိပေါ် မှန်သွားပြီ.
မှန်သွားသည့်အရုပ်ကလေးကို ဆိုင်ရှင်ကပြုံးရွှင်ကာလာပေးလေတော့ အမြန်ယူလိုက်ပြီး ရိပေါ်ကိုပြတော့ ခေါင်းလေးငြိမ့်ကာပြုံးပြလာလေသည်။ လက်တစ်ဖက်ကကိုင်ထားသည့် ကွင်သလေးတစ်ကွင်းကိုရိပေါ်ကိုလှမ်းပေးကာ
ESTÁS LEYENDO
အရှင့်အတွက်ဆိုရင်
Ficción históricaအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်