အရှင့်အတွက်ဆိုရင် kk

3.1K 232 28
                                    

.ကော.

.အရှင်.

ဗိုက်ပူပူလေးကို အသာလက်ဖြင့်ဖေးမကိုင်ရင်း ဥယျာဉ်တော်ထဲလမ်းလျှောက်နေသည့်ကောအနားကိုသွားလိုက်မိလေသည်။ ကောဗိုက်ကလေးက ၇လထဲရောက်နေပြီမို့ ပူပူလေးနဲ့လုံးလုံးလေးဖြစ်နေလေပြီ။ ဗိုက်ကလေးကလုံးနေသည့်အပြင် ကောကလှုပ်ရှားတာသွက်လက်လွန်းတာမို့ ကောဗိုက်ထဲက ကလေးလေးကိုယောကျာ်းလေးလို့ပြောနေကြသည်။ သမားတော်တွေကယောကျာ်းလေးလားမိန်းကလေးလားသိစေရန် စမ်းသပ်ပါရစေဆိုတုန်းကကောကအသမ်းသပ်မခံပဲ ငြင်းဆန်ခဲ့သည်။ ဘာလေးပဲဖြစ်နေပါစေ ကိုယ့်လက်ထဲရောက်လာရင်ကိုယ့်သားသမီးပဲမို့ ချစ်မှာပဲတဲ့။ ကြိုမသိချင်ဘူးတဲ့လေ၊ အခုလည်းအနီရဲရဲဝတ်နေကြကောက အဖြူလေးကိုသာဝတ်ဆင်ထားပြီး ဆံပင်တွေကိုအပြောင်သိမ်းကာ ထုံးဖွဲ့ထားလေတော့ မျက်နှာသေးသေးလေးကထင်းနေကာ ကြည့်ကောင်းလွန်းလှသည်။နှုတ်ခမ်းအောက်ကမှဲ့နက်ကလေးကတော့ ကျနော့်ရဲ့အသက်ကလေးပေါ့ဗျာ။ ကောစကားတွေကတ်ကတ်လန်ပြန်ပြောတိုင်း ထိုမှဲ့နက်ကလေးကိုပဲကျနော်ကတော့စိုက်ကြည့်နေပစ်လိုက်တာပဲ။ အခုတော့ထိုမှဲ့နက်ကလေးပေါ်ကနှုတ်ခမ်းလေးတွေကပြုံးကာ ကြိုနေခဲ့လေသည်။

.ညီလာခံပြီးသွားပြီလား အရှင်.

.အင်း ပြီးသွားပြီ ခမည်းတော်ကနောက်ရက်ကစပြီးမလာနဲ့တော့တဲ့ ကောရဲ့အနားမှာပဲနေပြီးသေချာစောင့်ရှောက်ပါတော့တဲ့ အခုကိုယ့်ကိုနှင်မထုတ်တော့ဘူးမလား.

.အရှင်ကလည်း နှင်ထုတ်တာမဟုတ်ရပါဘူး ကောကစေတနာနဲ့ပြောတာပါ အခုလိုလေးသွားကူညိပေးလိုက်တော့ မင်းကြီးလည်းအားရှိတာပေါ့ မင်းကြီးကအရှင့်ကိုစောင့်ရှောက်ပေးလာတာပါ ဒါကြောင့်ဘယ်အချိန်တွေမှာလိုအပ်တယ်ဆိုတာပိုသိတာပေါ့ အခုတောင်ခွင့်ပေးလိုက်ပြီမလား အရှင်ရယ်.

.မင်းပဲအပြောကောင်းနော်.

ကောကိုမကျေမနပ်လေးကြည့်ကာ ပါးလေးတွေကိုဖျစ်ညှစ်ရင်းပြောလိုက်မိလေတော့ ကောကမလုံသလိုလေးပြုံးလေသည်။ ကောစကားကိုနားထောင်ပြီးကျနော်ကနန်းတွင်းအရေးတွေပြန်လုပ်ပေးနေရတာမလား။ ဒါကြောင့်အခုရွဲ့ပြီးကောကိုရစ်နေခြင်းဖြစ်သည်။

အရှင့်အတွက်ဆိုရင်Onde histórias criam vida. Descubra agora