အရှင့်အတွက်ဆိုရင် ff

3K 245 18
                                    

.ပင်ပန်းနေပြီလား ကြင်ယာတော်.

.မပင်ပန်းပါဘူး ကိုယ်သဘောကျတာလေးတွေ ရခဲ့လိုပျော်တောင်ပျော်ပါသေးတယ်.

.တော်သေးတာပေါ့ အစ်ကိုတော်က ကြင်ယာတော်ပင်ပန်းနေပြီထင်လို့ စိတ်မကောင်းဖြစ်နေတာ.

ကိုယ့်ဘေးမှာ လာရပ်ရင်းပြောနေသည့်မင်းသား၃က တကယ်စိုးရိမ်သလိုကိုယ့်မျက်နှာကို သေချာစွာကြည့်ရင်းပြောနေတာမို့ ပြုံးပြလိုက်မိသေးသည်။ ကိုယ်လည်းတကယ်မပင်ပန်းတာပါ။ လိုချင်တာတွေလည်းရသလို စိတ်ဝင်စားစရာတွေကိုလည်း ကြည့်ခဲ့ရတာမို့ အချိန်ကုန်လို့ကုန်တာပင်မသိခဲ့ရပေ။ အခုလည်း ပြန်ကြတော့မှာမို့ ဝေါယာဉ်ပေါ်တက်ရန်ပြင်နေကြခြင်းပင်။

.ကော.

အနားကိုရောက်လာသည့် အရှင့်ကြောင့် တက်ခါနီးမှပြန်လှည့်ကြည့်လိုက်မိလေတော့ အရှင်က ကိုယ့်ရဲ့လက်ကိုဆွဲကိုင်ထားလိုက်ရင်း

.ကော ပြန်နှင့်လိုက်လေနော် ကိုယ်ခဏနေမှလိုက်ခဲ့မယ်.

.ဟင် ဘာလို့လဲ.

.ကိုယ် ဝယ်စရာလေးတစ်ခုရှိတာမေ့ခဲ့လို့ အဲ့တာဝယ်လိုက်ဦးမယ် ပြီးမှလိုက်ခဲ့မယ်နော် ကောတစ်နေကုန်လမ်းလျှောက်နေရတော့ ပင်ပန်းနေပြီမလား အဆောလင်ပြန်ပြီးနားလိုက်လေနော်.

.ရပါတယ် မပင်ပန်းပါဘူး နေခဲ့ပေးပါ့မယ်.

.ရပါတယ်ကောရဲ့.

.ဒါဆိုအရှင်ကတစ်ယောက်ထဲ ဖြစ်နေမှာပေါ့.

.ရှောင်းမိန်ကနေခဲ့ပေးမှာလေကော ဒါကြောင့်ကောအရင်ပြန်လိုက်လေနော်.

ခပ်လှမ်းလှမ်းလေးမှာ ရပ်နေသည့်သူငယ်ချင်းမလေးကိုလက်ညှိုးထိုးကာ ပြောလိုက်သည့်အရှင့်ကြောင့် မသိမသာအံကိုကြိတ်ပစ်လိုက်မိရင်း လက်သီးလေးတွေကိုလည်းဆုပ်ထားလိုက်မိသည်။ ကိုယ့်ကိုကျတော့အခုမှရင်းနှီးသည့်လူတွေနှင့်ပြန်နှင့်ပါတဲ့လား။ အရှင်ကကျတော့သူမနှင့်အတူတူနှစ်ယောက်ထဲ ကြည်နူးစရာအချိန်တွေကို ကုန်ဆုံးဦးမည်ပေါ့။ ရတယ်လေ အရှင်တောင်လွှတ်နိုင်မှတော့ ကိုယ်ကလည်းသွားနိုင်ရမှာပေါ့။

အရှင့်အတွက်ဆိုရင်Where stories live. Discover now