နာကျင်ကိုက်ခဲနေသည့် ဝေဒနာတွေကြောင့် လူကနိုးနေပေမယ့် အိပ်ရာမှမထသေးပဲ အသာမှေးနေလိုက်သည်။ အခုထိကိုယ်မှာညအိပ်ဝတ်ရုံအဖြူပါးပါးလေးပဲရှိသေးကာ အတွင်းသားတွေကအတိုင်းသားမြင်နေရသည်။ ကိုယ့်ရဲ့နေရာလပ်မကျန်အညိုအမည်းစွဲသည်အထိ နှိပ်စက်ထားသည့်ဝမ်ရိပေါ်ကို စိတ်ထဲကနေကျိန်ဆဲလိုက်မိလေတော့သည်။ မုန်းလိုက်တာ ကိုယ်မုန်းတဲ့သူရဲ့ အတင်းအနိုင်ကျင့်ခြင်းကို ခံရတာလောက်ခံပြင်းတာမရှိဘူး။ ဖြစ်နိုင်ရင်သူပေးထားသည့် အရာတွေကိုစုတ်ဖြဲပစ်လိုက်ချင်မိသည်။
.နိုးနေပြီလား ကော.
အတွေးတွေထဲနစ်မြောနေမိစဉ် အဆောင်ထဲဝင်လာသည့်ဝမ်ရိပေါ်က လက်ထဲမှာလည်းရေကရားလေးနှင့်ပိုးပုဝါအဖြူလေးကိုယူလာတာက ကိုယ့်ကိုမျက်နှာသစ်ပေးမလို့ထင်သည်။ ပြုံးရွှင်ကာအနားမှာလာထိုင်သည့် ဝမ်ရိပေါ်ကိုမကြည့်ချင်စွာ မျက်နှာတစ်ဖက်ကိုစောင်းငဲ့ပစ်မိတော့ ဂရုမစိုက်စွာပဲ နဖူးပေါ်အနမ်းခြွေချလာသည်။
.ကိုယ်တောင်ညီလာခံကပြန်လာပြီကွ ကိုယ့်ကြင်ယာတော်လေး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမြင်လို့မနိုးတော့တာ အခုမျက်နှာသစ်တော့မလား ကိုယ်သစ်ပေးမယ်.
.မလိုဘူး ကိုယ်တိုင်သစ်မယ်.
.အင်းပါ ကိုယ်အကုန်ပြင်ဆင်လာခဲ့တယ် သစ်လိုက်နော်.
နာကျင်နေသည့်ခန္ဓာကိုယ်ကို ဟန်မပျက်ထိန်းထိုင်လိုက်ပြီး ကိုယ်ပေါ်ကစောင်ကိုခွာလိုက်ရင်း ကုတင်ပေါ်ကဆင်းရန်ပြင်လိုက်တော့
.ကော ဘယ်ကိုသွားမလို့လဲ.
.မျက်နှာသွားသစ်မလို့.
.ကိုယ်ပြင်ဆင်လာခဲ့တယ်လေကွာ ဒီမှာသစ်လိုက်နော်.
.ဟင့်အင်း ရေချိုးဆောင်ထဲသွားမယ်.
.ကောလမ်းလျှောက်နိုင်လို့လား.
ထိုမေးခွန်းရဲ့အဆုံးသူ့ဘက်ကိုမျက်ထောင့်နီဖြင့်လှည့်ကြည့်ပြလိုက်တော့ ဝမ်ရိပေါ်ကမချိုမချဉ်ပြုံးကာ ကိုယ့်ရဲ့တစ်ကိုယ်လုံးကိုစူးရဲစွာကြည့်လာပြီး
ESTÁS LEYENDO
အရှင့်အတွက်ဆိုရင်
Ficción históricaအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်