.ဘယ်ကိုသွားမလို့ပါလဲ ကြင်ယာတော်.
မင်္ငလာဝတ်ရုံကြီးကို မ ကာအပြင်ကိုထွက်ရန်ခြေလှမ်းလိုက်တော့ ဝမ်ရိပေါ် ရဲ့အထိန်းတော်ကြီးက ခေါင်းငု့ံကာအရိုအသေပေးမေးလာတာမို့ စိတ်ပျက်သလိုသက်ပြင်းချလိုက်ပြီး
.ကျနော့်မိဘတွေရောက်နေပြီ သွားတွေ့မလို့.
.တွေ့လို့မရပါဘူးကြင်ယာတော် မင်းသားလေးကကြင်ယာတော့်ကို အဆောင်အပြင်ဘက်မထွက်စေရဘူးလို့ မှာခဲ့ပါတယ်.
.ဒါပေမယ့်ဘယ်ကိုမှသွားမှာမဟုတ်ဘူး ကိုယ့်မိဘတွေရောက်နေတယ်ဆိုလို့သွားတွေ့မှာလေ.
.အခမ်းအနားရောက်ရင် တွေ့ရမှာပါ ဒါကြောင့်အခုတော့ပြန်ဝင်နေလိုက်ပါ.
.အခုတွေ့ချင်တာ အခုတွေ့ရမှဖြစ်မယ်.
.မလုပ်ပါနဲ့ကြင်ယာတော် ကြင်ယာတော်သွားလို့မရပါဘူး.
.ဒါပေမယ့်.
.ကိုယ်တော့်ကြင်ယာတော်လေးက ချောလိုက်တာ.
အဆောင်ရှေ့မှာ အထိန်းတော်ကြီးနဲ့အချေအတင်ဖြစ်နေကြစဉ် ဝမ်ရိပေါ်ရောက်လာတာမို့ သူ့ဆီကိုအကြည့်တွေပို့ပစ်လိုက်သည်။ သူကတော့ကိုယ့်ကို သဘောတွေကျကာကြည့်နေပြီးတပြုံးပြုံးဖြစ်နေတာမို့ သူသဘောကျနေသည့်ကိုယ့်ရဲ့ကိုယ်ကို အစိတ်စိတ်အမြွှာမြွာ ဓားတွေဖြင့်မွှန်းပစ်လိုက်ချင်တော့သည်။
.ကိုယ်တော့်ကို လာစောင့်နေတာလား ကြင်ယာတော်လေးရဲ့ အထဲမှာပဲစောင့်နေမှပေါ့ကွာ အပြင်မှာအေးတယ်ကွ.
ကိုယ်ဘာဖြစ်နေတယ်ဆိုတာ သိသိကြီးနဲ့မသိဟန်ဆောင်နေပုံက ဆွဲဖဲ့ပစ်ချင်စရာ။ ကိုယ့်လိုပင်နီရဲရဲဝတ်ရုံကိုဝတ်ဆင်ထားသည့် သူက နဂိုကထက်ပင်ပိုကြည့်ကောင်းနေပြန်ကာ တည်ကြည်ပြတ်သားနေလေသည်။ မုန်းတယ် သူနဲ့ယခုလိုဆင်တူဖြစ်နေရတာကိုက မုန်းစရာကောင်းတယ်။ မျက်နှာကိုမမှုသလို ဟန်ချီလိုက်ပြီး
.ငါဘာဖြစ်နေတယ်ဆိုတာသိရဲ့သားနဲ့ တမင်မသိချင်ယောင်ဆောင်ပြီး ပြောမနေစမ်းနဲ့ဝမ်ရိပေါ် ငါ ငါ့မိဘတွေနဲ့တွေ့ချင်တယ်.
YOU ARE READING
အရှင့်အတွက်ဆိုရင်
Historical Fictionအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်