.မင်းသား ခိုင်းတဲ့အတိုင်းဆောင်ရွက်ြပ်ိးပါပြီ.
ကောတို့အိပ်ပျော်နေချိန်ညသန်းခေါင်အချိန်မှ နောက်ဘက်ခြံဝင်းထဲဆင်းကာ မိမိထည့်ထားသည့်သူလျိုနှင့်တိတ်တဆိတ် လာတွေ့ဆုံရသည်။ ကောနဲ့မကြာခဏစကားပြောနေတတ်သည့် အပျိုတော်ထိန်းကိုမသင်္ကတာမို့ စုံစမ်းရန်ကိုယ်ယုံကြည်စိတ်ချရသည့်အပျိုတော်တစ်ယောက်ကို သူလျိုအဖြစ်အမှုထမ်းစေကာ အပျိုတော်ထိန်းရဲ့တစ်နေ့တာဖြတ်သန်းသမျှတွေကို စာကြည့်ဆောင်ထဲကိုလာရောက်အစီရင်ခံစေခဲ့တာ။ တော်သေးသည် တစ်ရက်ကကောကရုတ်တရက်ရောက်ချလာကာ မိသွားတော့မလိုဖြစ်သွားတာမို့ ကိုယ့်ရဲ့အနောက်တံခါးပေါက်ကနေ အပျိုတော်ကိုထွက်စေခဲ့တာ။ လျို့ဝှက်အပေါက်သာမရှိရင် အပျိုတော်ကိုတွေ့သွားပြီး ကောအထင်လွဲသွားမှာသေချာသည်။ ကော ကိုယ့်အပေါ်ကိုခါးခါးသီးသီးဖြစ်သွားခဲ့ရသည့်အကြောင်းရင်းကို သိသွားခဲ့ရပြီမို့ဖြေရှင်းရန်ကြိုးစားနေတုန်းမှာပင် ကောကကိုယ့်အပေါ်မှာရုတ်တရက် ဆက်ဆံတာပြောင်းလဲသွားခဲ့သည်။ အရင်လိုပြန်လည်ပျော့ပျောင်းလာခဲ့တာမို့ သူမနဲ့အခြေအနေကိုသိချင်တာမို့ ထပ်စုံစမိးစေတော့ ကောကသူမကိုတဖြေးဖြေးရိပ်မိလာဟန်တူသည်ဟု အပျိုတော်ကတင်ပြလာတာမို့ ယခုကျနော်တို့နန်းပြင်ရောက်နေခိုက် အပျိုတော်ထိန်းကို ဖမ်းဆီးကာစစ်ဆေးမေးမြန်းရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်လေသည်။ ကောကို မသေချာမရေရာတဲ့သက်သေမရှိပဲ မှားနေပါတယ် အထင်လွဲနေပါတယ်လို့ကိုယ်မပြောနိုင်ပါ။ ကောရဲ့ခေါင်းထဲမှာသူမရိုက်သွင်းခဲ့တဲ့အချက်အလက်တွေက များပြားလှကာ နှစ်ပင်ချီနေခဲ့ပြီမလား။ အဲ့တော့ ကိုယ့်ဘက်ကဖြေရှင်းချက်ကလည်း သက်သေခိုင်လုံနေမှရမည်။ ကောကလည်းခေသူမဟုတ် အရာရာကိုသံသယများကာ အမြဲတိကျသေချာတတ်သူမို့ကောကိုလည်း လျော့တွက်ထားလို့မရပါ။ ဒါကြောင့်ကိုယ့်ဘက်ကအရာရာမှာ ခြေတစ်လှမ်းသာနေမှရမည်။
.အပျိုတော်ထိန်းကို ဖမ်းဆီးထားပေမယ့် ဒီကိစ္စကရာဇဝတ်ရုံးနဲ့ဖြေရှင်းလို့ရတဲ့ကိစ္စမဟုတ်ပါဘူး မင်းသား.
.ငါကိုယ်တော်လည်း တွေးထားပြီးသားပါ ဘာသက်သေမှမရှိပဲသူကဒီလိုပြောပါတယ်ဆိုပြီး အမှုဖွင့်ရင် ဉာဏ်များတဲ့အပျိုတော်ထိန်းက ကျိန်းသေပေါက်ငြင်းမှာပဲ ဒါကြောင့်သက်သေလိုတယ် သူ့ပါးစပ်ကကိုယ်တိုင်ဝန်ခံဖွင့်ပြောလာတဲ့သက်သေလိုတယ်.
YOU ARE READING
အရှင့်အတွက်ဆိုရင်
Historical Fictionအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်