အရှင့်အတွက်ဆိုရင် cc

3K 273 25
                                    

သူငယ်ချင်းဆိုသည့် မိန်းမလှလေးနှင့်စကားပြောဦးမည်ဆိုကာ နေခဲ့သည့်အရှင့်ကြောင့် ကိုယ့်မှာအဆောင်ထဲရောက်နေပေမယ့် ဂဏှာမငြိမ်ဖြစ်နေရလေသည်။ ဘာလို့အရှင့်ဘေးမှာ အဲ့လောက်တောင် မိန်းမလှလေးတွေပေါများနေရတာလဲ။ ဒီလောက်ပေါများနေတာကိုဘာလို့ကိုယ့်ကိုယူခဲ့တာလဲ။ အခုတော့ကိုယ်ပဲခံစားနေရတယ်။ မကျေမနပ် ရေရွတ်နေမိရင်းနှုတ်ခမ်းကိုကိုက်လိုက်ကာ မျက်မှောင်တွေကြုတ်ထားလိုက်မိလေသည်။ သူစိမ်းနေရာကြီးမှာ တစ်ယောက်ထဲနေနေရတာဘယ်လောက်ထိကြောင်တောင်တောင်နိုင်လိုက်မလဲဆိုတာကို သူမစဉ်းစားမိဘူးလား။

.ကော ရေချိုးပြီးပြီလား.

.အထဲကိုပြုံးရွှင်စွာဝင်လာရင်း မေးလာသည့်အရှင့်ကိုမကျေနပ်သလို မျက်စောင်းထိုးကြည့်လိုက်မိပြီး ကျောခိုင်းပစ်ကာပြန်ဖြေလိုက်မိလေသည်။ တအားကိုပျော်လာသည့်ပုံပေါက်နေသည့် အရှင့်ကိုမကျေနပ်တာမို့ ဆောင့်အောင့်ကာဖြေလိုက်မိလေသည်။

.ရေချိုးပြီးတာကြာပေါ့ စာအုပ်တစ်အုပ်တောင်ဖတ်ပြီးနေပြီ.

.ဟုတ်လား ကိုယ်တောင်းပန်ပါတယ် နောက်ရက်တွေသွားရမယ့်ခရီးစဉ်တွေအကြောင်း ပြောနေလို့နောက်ကျနေတာ.

.အဲ့တာက အခုပြောမှဖြစ်မယ့်ကိစ္စလား အခုမှခရီးကရောက်လာတာကို ချက်ချင်းကြီးပြောရလောက်တဲ့အထိအရေးကြီးနေတယ်ပေါ့.

.အဲ့လောက်အရေးကြီးတာမဟုတ်ပေမယ့် ကောပါလာတဲ့ပထမဆုံးခရီးစဉ်မှာ အဆင်မပြေတာတစ်ခုမှမရှိစေချင်လို့ပါကွာ.

.မဆိုင်ပါဘူး စကားပြောချင်ရင်ပြောချင်တယ်ပေါ့ အဲ့ဒီသူငယ်ချင်းမလေးနဲ့စကားပြောချင်လို့ တမင်နေခဲ့တာမလား.

.မဟုတ်ပါဘူးကောရဲ့ ကိုယ်တကယ်ပြောနေတာပါ ကိုယ်တို့သွားမယ့်လမ်းမှာ အဆင်ပြေချောမွေ့အောင်ပြင်ဆင်ပေးမယ့်အကြောင်းရယ် ကောကိုအနုပညာပြခန်းလိုက်ပြမယ်ဆိုတဲ့အကြောင်းကို ပြောနေတာပါကွာ.

ကိုယ်စိတ်တိုနေတာက အဲ့ခရီးစဉ်ကိစ္စပြောနေတာကြောင့် မဟုတ်။ခရီးရောက်မဆိုက် ချက်ချင်းရောက်ချလာကာ တပြုံးပြုံးနဲ့စကားပြောနေသည့်အရှင့်ကြောင့်။ ကိုယ့်ကိုတောင်အဆောင်မှာစောင့်ခိုင်းကာ တစ်ယောက်ထဲနေခဲ့တာကြောင့်ပါဆိုတာကို ပြောလိုက်မိပြန်ရင်လည်း ကိုယ်ကကလေးဆန်တယ်ဖြစ်ရဦးမယ် ဟူးစ်။ တစ်ခါတစ်လေ အဲ့အရှင်ကလေ ကိုယ့်ကိုတကယ်ချစ်တာရော ဟုတ်ရဲ့လားလို့တောင်တွေးမိတယ်။ကိုယ့်မျက်နှာကိုကြည့်ပြီး ကိုယ်ဘာဖြစ်နေတယ်ဆိုတာကို အရှင်မသိဘူးလား။ ဒါလား ချစ်တာဟွန့်။

အရှင့်အတွက်ဆိုရင်Where stories live. Discover now