.နန်းပြင်မှာပျော်ခဲ့ကြရဲ့လား.
.ပျော်ခဲ့ပါတယ် ခမည်းတော်.
.တောင်းပန်ပါတယ် တစ်ရက်ထဲဆိုပြီး သုံးရက်လောက်ကြာသွားမိတယ်.
ကောက တောင်းပန်စကားဆိုလေတော့ ခမည်းတော်နှင့်မယ်တော်က ပြုံးကာခေါင်းတဆတ်ဆတ်ငြိမ့်နေရင်း
.ရပါတယ် ကြင်ယာတော်ရဲ့ငါကိုယ်တော်ကတောင် အားနာရမှာပါ လက်ဆက်ပြီးကထဲကကြင်ယာတော့်ကိုအလည်ပြန်မပို့မိဘူး အခုလိုသွားလိုက်တာကောင်းပါတယ်.
.ကျေးဇူးတင်ပါတယ်.
.ဒါနဲ့ ရှေ့တစ်ပတ်မိတ်ဖက်တိုင်းပြည်ကို ကြင်ယာတော်လည်းလို်က်မယ်ဆို.
.ဟုတ်ပါတယ် မင်းကြီး ကျနော်မျိုးလိုက်သွားလို့ရပါလားဘုရား.
.ရတာပေါ့ ကြင်ယာတော်ရယ် ခမည်းတော်တို့ကလိုက်သွားစေချင်နေတာပါ ကြင်ယာတော့်ကိုအားနာလို့သာမပြောတာ အခုလိုလိုက်မယ်ဆိုတော့အတိုင်းထက်အလွန်ပေါ့ ပြီးတော့ ဟိုဘက်တိုင်းပြည်မှာကအနုပညာကို ဦးစားပေးတော့ကြင်ယာတော်ပျော်မှာ.
မယ်တော်ကပါအားတက်သရောပြောလာလေတော့ ကောရဲ့မျက်ဝန်းလေးတွေအရောင်လက်လာကာ စိတ်ဝင်တစားနားထောင်နေလေတော့သည်။ ကောက သူဝါသနာပါသည့်အကြောင်းကိုနားထောင်နေရပြီဆိုရင် ငြိမ်သက်နေကာပြုံးနေတာပဲ ဒီလိုလေးတွေဖြူစင်တဲ့ကောကို ချစ်မိတာကိုယ့်အမှားလားကွာ။
.ဒါနဲ့ ကြင်ယာတော်.
.ဟုတ်ကဲ့.
.အဲ့ဒိီတိုင်းပြည်မှာလေ ဆေးစွမ်းကောင်းတစ်လက်ရှိတယ် သိလား.
.ဟုတ်လား.
.အင်း.
မယ်တော်ကပြောနေရင်း ကိုယ့်ဘက်ကိုမသိမသာမျက်လုံးဝေ့ကြည့်လာတာမို့ ကိုယ်လည်းဘာလည်းဆိုတာကိုသိချင်ကာ စိတ်ဝင်တစားနားထောင်နေမိလေသည်။ ခမည်းတော်ကတော့ပြုံးကာထထွက်သွားတာမို့ ကျနော်ထပြီးအရိုအသေပေးနှုတ်ဆက်မိပြီးမှ ကောအနားကိုပြန်ထိုင်လိုက်မိသည်။ မယ်တော်ကကောရဲ့လက်ကလေးကိုဆွဲကိုင်ကာ
.အဲ့ဒီဆေးနာမည်က အပြုံးပွင့်တဲ့ သူကအိမ်ထောင်ရေးသုခကိုပြည့်ဝစေတယ် ယောကျာ်းလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ် အဲ့ဒီဆေးကိုသောက်ပြီး ၁လလောက်ကြာတာနဲ့ ချက်ချင်းကိုယ်ဝန်ရစေတယ်တဲ့.
YOU ARE READING
အရှင့်အတွက်ဆိုရင်
Historical Fictionအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်