.သား.
.မာမား.
.အဆင်ပြေလား သား ဘာဖြစ်သွားသေးလဲ ဘယ်လိုနေလဲသားရယ် စိတ်ပူလိုက်ရတာကွယ်.
အခမ်းအနားပြီးတော့ ကောရဲ့ပါပါးတို့အနားကို သွားသည်နှင့်ကောရဲ့မာမားက ကောက်ိုဖက်ကာငိုလေတော့သည်။ ကောကတော့မျက်ရည်လေးသာဝဲနေရင်း မာမားရဲ့ကျောပြင်ကို ပြန်လည်ပွတ်သပ်ပေးနေလေသည်။
.ပြေပါတယ် ကျနော်ကအဆင်ပြေတယ် မာမားတို့ရောအဆင်ပြေကြရဲ့လား ပါပါးရော.
.ပြေတယ်သား ပါပါးတို့ကိုမပူနဲ့ သားအတွက်ပဲတွေးစမ်းပါသားရယ် သားလေးအဆင်မှပြေရဲ့လားကွယ်.
.ပြေပါတယ် စိတ်မပူပါနဲ့နော် အတင်းခေါ်တဲ့ရက်က ကျနော်ကကလန်ကဆန်လုပ်လိုက်မိလို့ မင်းသားကစိတ်တိုသွားတာပါ အဲ့တာလေးကလွဲရင်အကုန်အဆင်ပြေသွားတာမို့ စိတ်မပူပါနဲ့နော် အခုကျနော်အဆင်ပြေနေတာကို ပါပါးတို့မြင်ပါတယ်.
.သားမပျော်ဘူးဆိုတာကိုလည်း ပါပါးတို့ကြည့်ရုံနဲ့သိနေတယ်လေ.
ကောကမိဘတွေစိတ်ချမ်းသာအောင် ဟန်ဆောင်ပြုံးရင်းပြောနေပေမယ့် ကောစိတ်ကိုသိလွန်းစွာ ကောမိဘတွေကပြန်လည်ပြောလာလေတော့ ကောပြောစရာစကားတွေပျောက်ရှသွားခဲ့သည်ထင်သည်။ မျက်နှာလေးညှိုးကာငြိမ်ကျသွားတာမို့ ကိုယ်ကပဲအနားကို သွားလိုက်ပြီး
.ကျန့်ကောအတွက်တော့စိတ်ချပါ ဒီနေ့ကစပြီးကျနော်ကပျော်အောင်ထားပေးမှာပါ အခုမပျော်သေးဘူးဆိုပေမယ့် တဖြေးဖြေးနဲ့ပျော်လာအောင်ကြိုးစားပေးမှာပါ ကျန့်ကောကိုကျနော့်အသက်ထက်ပိုတန်ဖိုးထားမြတ်နိုးတာမို့ ကျန့်ကောအတွက်ကိုစိတ်ချပါ.
ကျန့်ကောလက်ကလေးတွေကိုဆွဲကိုင်ယူကာ ကတိပေးလေတော့ မိဘတွေစိတ်ဆင်းရဲမှာစိူးသည့် ကျန့်ကောကမရုန်းသလို ကျန့်ကောမိဘတွေကလည်းကျန့်ကောမျက်နှာနုနုလေးကိုသာ ဂရုတစိုက်ကြည့်နေရှာသည်။ သြော် ကိုယ့်ရဲ့သတိုးသားလေးက လူတကာမြတ်နိုးရတဲ့ အဖိုးတန်လေးပါလား။
.သားကိုအပ်ပါတယ် မင်းသား ငယ်ငယ်ကထဲက သားကလူကြီးဆန်ပြီး စဉ်းစားတွေးခေါ်တတ်ပေမယ့် တချို့နေရာလေးတွေမှာလိုအပ်ချက်လေးတွေရှိနေတာမို့ မင်းသားကပဲနားလည်ပေးပါလို့ အတို်က်အခံတွေများလှတဲ့ ဒီနန်းတွင်းထဲမှာလည်း သားကိုစောင့်ရှောက်ပေးပါလို့ တောင်းဆိုပါရစေ ဒါကျနော်တိ့ုရဲ့အဖိုးတန်ဆုံးသားလေးမို့ပါ.
STAI LEGGENDO
အရှင့်အတွက်ဆိုရင်
Narrativa Storicaအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်