အရှင့်အတွက်ဆိုရင် P

3.6K 292 29
                                    

ကောတီးခတ်နေသည့် စောင်းသံလေးကိုနားထောင်နေရင်း နှုတ်ခမ်းမှာအပြုံးတွေသေဆာနေမိသည်။ ကိုယ့်ကိုဆိုတီးပြမှာမဟုတ်တာမို့ မယ်တော်တို့ကိုအကြောင်းပြကာ တီးခိူင်းမိခြင်းဖြစ်လေသည်။ ဖြစ်နိုင်ရင် ဒီစောင်းသံကိုတစ်ယောက်ထဲသာနားထောင်ချင်တာပါ။ သက်ရှိကြွေရုပ်ကလေးကိုလည်းတစ်ယောက်ထဲသာထိုင်ငေးကြည့်ချင်တာပါ။ အခုတော့မယ်တော်တို့နဲ့ ဝေမျှပြီးကြည့်နေရတယ် မတရားလိုက်တာ။ မကျေမနပ်တွေတွေးနေမိရင်း စောင်းတီးတာလေးရပ်သွားတော့လက်ခုပ်ထတီးမိလေသည်။ မတ်တပ်လေးထရပ်လာသည့်ကောအနားအမြန်သွားကာ ထိုင်လိုက်တော့ကောက တစ်ဖက်ကိုမသိမသာလေးတိုးသွားသည်။ ကိုယ်ကလည်းအတင်းလိုက်တိုးကာခါးလေးကိုဖက်ထားပစ်လိုက်သည်။ မဖက်ထားရင်ကောကဟိုဘက်ထပ်တိုးမှာသိနေတာကို။ မယ်တော်တို့ရှေ့ကို ကောကကိုယ်ဘာလုပ်လုပ်ရတယ် ဟင့်။

.မယ်တော်တို့ကံကောင်းလိုက်တာ ကြင်ယာတော်လေးက ဘက်စုံတော်တာပဲ.

.ဟုတ်ပ အရာရာမှာပြည့်စုံတဲ့ကလေးတစ်ယောက်ကိုရထားတာပဲ ရိပေါ်သားတော် ကြင်ယာတော်ကိုတန်ဖိုးထားရမယ်နော်.

.တန်ဖိုးထားပါတယ်ဘုရား.

လက်နုနုလေးကို ဆုပ်ကိုင်လိုက်ကာ လက်ဖမိုးလေးတွေကိုနမ်းရှိုက်မိတော့မျက်နှာလေးတင်းသွားသည့် ကောကမယ်တော်တို့ရှေ့မှာမို့ ရုန်းဖယ်ခြင်းတော့မရှိပေ။

.ကော လက်ကလေးတွေနာသွားပြီလား.

.ငါယောကျာ်းပါ စောင်းလေးတီးတာလောက်နဲ့ ဘာမှဖြစ်မသွားဘူး.

.အခြားယောကျာ်းတွေဘာမှမဖြစ်သွားဘူးဆိုပေမယ့် ကိုယ့်ကောက လေစိမ်းလေးတွေထိရင်တောင်အသားလေးတွေတန်းနီရဲသွားတာလေ အဲ့တော့ကိုယ်ကစိတ်ပူရတာပေါ့.

လက်ကိုကိုင်ကာ ကိုယ်ကအမှန်အကန်တွေခံစားပြိီးပြောမိတာကို ကောရဲ့နှုတ်ခမ်းလေးတွန့်ချိုးသွားတာမို့ ကိုယ့်ရင်ထဲထိတ်ခနဲဖြစ်သွားရသည်။ ကော ရယ်လိုက်တာလား။အခုကိုယ့်ရဲ့စကားကြောင့် ကောကရယ်လိုက်တာလား။ ဝမ်းသာလုံးဆို့ကာငု့ံထားသည့် ကောရဲ့မျက်နှာလေးကို် အတင်းလိုက်ငု့ံကြည့်နေလေတော့

အရှင့်အတွက်ဆိုရင်Where stories live. Discover now