.ကော.
.အွန်း.
.ကော ကောဘယ်လိုပြောလိုက်တယ် ကိုယ့်ကိုပြန်ပြောပါဦးကွာ ကော.
.အွန်း.
.ကော ကောကိုယ့်ကို ချစ်တယ်ဆိုတာ တကယ်လားဟင် ကော ကိုယ့်ကိုချစ်တယ်လို့ပြောလို့တာလားဟုတ်လား ချစ်တယ်လို့အဖြေပြန်ပေးလိုက်တာလားဟင်.
.အင်း အိပ်ချင်နေပြီလို့ ဘာလို့မအိပ်ခိုင်းတာလဲ ကျန့်ကျန့်လေးအိပ်ချင်နေပြီလေ.
စိတ်မရှည်သလိုမျက်ရည်လေးတွေဝိုင်းရင်း ပြောလာလေသည့်ကောကစိတ်ရှိသည့်အတိုင်းဖျစ်ညှစ်ပစ်ချင်စရာ ကောင်းလှသည်။ အရက်ရှိန်ကြောင့်မျက်နှာလေးတစ်ခုလုံး ရဲရဲနီနေကာ နှုတ်ခမ်းလေးတွေနှာဖျားလေးတွေဆိုလည်း ရဲနေလေတော့တာ။ တစ်ကိုယ်လုံးကလည်းပူနွေးနေကာ အတင်းဖျစ်ညှစ်ပြီးနမ်းပစ်ချင်စရာကောင်းလောက်သည်အထိကို ဆွဲဆောင်နိုင်လွန်းသည်။ ဒါပေမယ့်အခုအရေးကြီးတာက ကောဆီကချစ်တယ်ဆိုတဲ့စကားလေးကို ထပ်ပြီးကြားရဖို့အတွက် ထပ်ပြီးကြိုးစားရဦးမည်လေ။
.ကော.
.ရေချိုးမယ် အိုက်တယ် တစ်ကိုယ်လုံးယားနေပြီရယ် ရေချိုးမယ် ရေချိုးပေးနော်မာမား ကျန့်ကျန့်လေးကိုရေချိုးပေးနော်.
ကိုယ့်လက်ထဲကနေ အတင်းရုန်းကန်နေရင်း အဝတ်အစားတွေချွတ်နေသည့်ကောကြောင့် မျက်လုံးတွေပြူးကာ အမြန်လိုက်တားနေရသည်။
.ကော မအိုက်ပါဘူးကွာ အရမ်းအေးတယ် ကောရဲ့အဝတ်အစားတွေပြန်ဝတ်ထားနော် ကောကလိမ်မာတယ်နော်.
.ဟင့် မအေးဘူးဆို ရေချိုးချင်တယ်ရေချိုးမယ် ကျန့်ကျန့်လေးရေချိုးမယ် မာမားနော်ဝမ်ရိပေါ်လိုအကျင့်မပုပ်နဲ့ မချစ်ပဲနေလိုက်မှာ.
လက်ညှိုးလေးထိုးကာ ကိုယ့်ကိုသူ့မာမားထင်ပြီးပြောလေတော့ ခါးလေးကနေဆွဲဖက်ထားလိုက်မိလေသည်။ မချစ်ဘူးလို့တော့အပြောမခံနိုင်ဘူးမလား ဒါကြောင့်နည်းနည်းလေးတော့အလျော့ပေးပြီး လိုက်လျောပေးလိုက်မယ်။
.အင်း အင်း ဒါဆိုရေတော့မချိုးနဲ့ သန့်ရှင်းရေးလုပ်ပေးမယ်လေနော်.
YOU ARE READING
အရှင့်အတွက်ဆိုရင်
Historical Fictionအချစ်အတွက် တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ကိုယ်ကတော့မင်းကိုပိုင်ဆိုင်ရမှဖြစ်မယ် ရှောင်းကျန့်