အရှင့်အတွက်ဆိုရင် C

6.9K 504 11
                                    

.အာ့.

အဆောင်တော်ထဲ ပစ်ထည့်လိုက်လေတော့ ကြမ်းပြင်လေးပေါ် ခွေကျသွားသည့်ရှောင်းကျန့်က တံတောင်ဖြင့်ထောက်ကျသွားတာမို့လက်ခေါက်သွားသည့်ပုံဖြစ်သွားကာ မျက်နှာလေးမဲ့ရင်း ညီးတွားလေသည်။

.ပြစမ်း.

.ငါ့ကိုမကိုင်နဲ့ဖယ်.

နာသွားသည့်နေရာလေးကို ကြည့်ချင်တာမို့လက်ကလေးကိုဆွဲယူကာ ကြည့်လေတော့ သူကအတင်းပြန်ဆွဲထားကာ အကြည့်မခံပေ။

.နာသွားတယ်မလား ဒါကြောင့်ကြည့်မလို့.

.နာနာ သေသေလွှတ်ထားလိုက် မကြည့်နဲ့ ဖယ်.

.ကျစ် ရှောင်းကျန့် မင်းဘယ်လိုဖြစ်နေတာလဲ ကိုယ်တော်ကစေတနာနဲ့ကြည့်ပေးမလို့ပြောနေတာ.

.မလိုဘူး ဘာစေတနာလည်း လုပ်ချင်တာလုပ်ပြီးမှစေတနာဆိုတဲ့စကားကိုလာမပြောနဲ့ ငါမင်းကို ရွံတယ်.

.ရှောင်းကျန့်.

စကားလူံးတွေကစော်ကားတာများလာလေတော့ မခံနိုင်တော့ဘဲ ပခုံးလေးနှစ်ဖက်ကနေညှစ်ကိုင်လိုက်လေတော့ စိန်ခေါ်သလိုမျက်နှာလေးကို ပင့်ကာပြန်ကြည့်လာလေသည်။ သြော် ကိုယ့်လက်ထဲမှာဘယ်လိုမှလှုပ်လို့မရတော့တာတောင် အခုထိပြန်ရန်တွေ့နေနိုင်သေးတုန်းနော်။

.မင်း ဘာလို့အဲ့လောက်ထိကိုယ်တော့်အပေါ်ကို ခါးခါးသီးသီးဖြစ်သွားရတာလဲ.

.တကယ်မသိလို့မေးနေတာလား မင်းသား.

ကိုယ့်ကိုတမင်ရွဲ့ကာမင်းသားလို့ခေါ်လိုက်တော့ နည်းနည်းရင်ထဲဖျင်းခနဲဖြစ်သွားမိသည်။ သူ့ထံမှာဒီလိုခေါ်သံကိုကြားချင်တာမှမဟုတ်ခဲ့တာ။ ဒါပေမယ့်လည်း မသိဟန်ဆောင်ထားလိုက်ရင်း

.ဟုတ်တယ် မသိလို့မေးနေတာ ချစ်ရေးဆိုလို့ဆိုတာတော့လာမပြောနဲ့နော် လူပျိုလူလွတ်အချင်းချင်း လွတ်လပ်စွာချစ်ရေးဆိုနိုင်တာ ကိုယ့်လွတ်လပ်ခွင့်.

.သိတယ် အဲ့တာကြောင့်မင်းချစ်ရေးဆိုတဲ့နေ့တုန်းက ငါဘာပြောခဲ့လဲ မင်းကိုမချစ်နိုင်ပါဘူးလို့ပဲငြင်းခဲ့တာလေ ဒါလည်းငါ့လွတ်လပ်ခွင့်.

အရှင့်အတွက်ဆိုရင်Where stories live. Discover now