အရှင့်အတွက်ဆိုရင် e

2.9K 259 20
                                    

.ခါးနာနေသေးလား အရှင်.

.ကောကတစ်ညလုံးဖက်အိပ်ပေးတာပဲ မနာပါဘူး.

.အရှင်ကလည်း ကောကတကယ်စိတ်ပူလို့မေးနေတာကို.

.ကိုယ်တကယ်ပြောတာကွ အစကလေခါးကတကယ်နာသွားတာ ဒါပေမယ့်ကောကကိုယ့်ကို နောက်ကနေသာသာလေးဖက်ပြီးအိပ်ပေးတော့ မနာတော့ဘူးရယ် ဒါပေမယ့် အိပ်မပျော်တာလေးတစ်ခုပဲရှိတယ်.

.ဟင် ဘာလို့အိပ်မပျော်တာလဲဟင်.

.ကိုယ်ချစ်ရတဲ့သူက ဒီလိုကြီးတစ်ညလုံးဖက်အိပ်ထားမှတော့ ရင်အခုန်လွန်ပြီးဘယ်အိပ်ပျော်ပါတော့မလဲကောရဲ့.

.အရှင်ကလည်း.

အရှင့်ကိုဝတ်ရုံလေးလဲပေးရင်း မေးမိတော့ကိုယ့်ရဲ့ပါးတွေကို ဖျစ်ညှစ်ကာပြန်ဖြေလာသည့် အရှင့်ကြောင့်ပြုံးလို်က်မိလေသည်။ အရှင့်ကိုကြည့်ရတာအရင်ကထက်ပိုပြီးတက်ကြွနေတာပဲ။ အပြင်သွားလည်ရမှာကို ဘာလို့သည်လောက်တောင်တက်ကြွနေရတာလဲ။ ဒီအတိုင်းလျှောက်လည်ရုံလေးကို အရင်ကလည်းအရှင်ဒိကိုရောက်ဖူးတယ်လို့ပြောပါတယ် ဒါကိုဘာလို့အဲ့လောက်တောင်တက်ကြွနေတာလဲမသိပါ။

.မင်းသားတို့ အဆင်သင့်ဖြစ်ရင်သွားလို့ရပါပြီ.

.ကောင်းပါပြီ.

အပြင်ကအထိန်းတော်ရဲ့အသံကြားသည်နှင့် အရှင့်ရယ်ကိုယ်ရယ်က ဝတ်စုံကိုတစ်ခေါက်သေချာပြန်ကြည့်ပြီးမှ အပြင်ကိုထွက်လာခဲ့လိုက်လေတော့ မင်းသား၃ရယ် အရှင့်သူငယ်ချင်းမလေးရယ်ကကြိုနေလေသည်။ သူမဝတ်ထားတာလေးကအရှင်ကြိုက်တယ်ဆိုသည့် အစိမ်းရောင်လေးကိုမှ စိုဖတ်နေကာမြင်ရရုံနှင့်မျက်စိအေးစေသည်။ ထို့အပြင်သွက်လက် ထက်မြက်မည့်သူမမျက်နှာနှင့်ဆံပင်အပြောင်သိမ်းကာမြင့်မြင့်စည်းထားလေတော့ ပိုလို့ပင်ကြည့်ကောင်းနေတော့သည်။ သူမကိုအတန်ကြာအောင်ငေးကြည့်နေမိပြီးမှ အကြည့်တွေကိုလွဲှကာခေါင်းကိုငု့ံလိုက်မိသည်။ ဟင့်အင်း မကောင်းတဲ့အတွေးတွေမတွေးရဘူးလေ။ သူမကအရှင်နဲ့သူငယ်ချင်းသက်သက်ပဲ ပြီးတော့အရှင်ကလည်း ကိုယ့်အပိုင်လေ။ ဒါကြောင့်ဘာမှမတွေးဘူး။

အရှင့်အတွက်ဆိုရင်Opowieści tętniące życiem. Odkryj je teraz