Ep 4

927 122 31
                                    

သူ……
             

ဆယ်ဟွန်းရှိနေတဲ့ မီးဖိုချောင်စီ Mrs.Kim လာနေသည့်မို့ ရိုကျိုးစွာပင် ခေါင်းငုံ့လိုက်သည်။
မည်ကဲ့သို့သော စကားလုံးများနှင့် မိမိကိုထိုးနှက်မလဲဆိုတာကိုတော့ ဆယ်ဟွန်းကြိုတင်တွေးမထားမိပါ။
Mrs.Kim၏နှုတ်ထွက်စကားတိုင်းက
ဆယ်ဟွန်းကိုအဆုံးစွန်ထိ တိုက်ခိုက်နေခြင်းသာဖြစ်သည်။

"သူတို့နှစ်ယောက် လိုက်ဖက်တယ်လို့
မထင်ဘူးလား အိုဆယ်ဟွန်း"

အတူယှဉ်ကာထွက်သွားပြီဖြစ်သော
ချစ်သူနှစ်ဦးအား ရည်ညွှန်းကာမေးလာခြင်း။
လိုက်ဖက်လွန်းပါသည်။
ဆယ်ဟွန်းလက်ထပ်ရမည့်သူနှင့် သူ၏ချစ်သူမိန်းကလေးသည် နတ်ဖက်သည့်အလား လိုက်ဖက်နေသည်။

"မင်းသာငါတို့မိသားစုနဲ့မပတ်သက်လာရင်
ငါ့သားက အဲ့ဒီမိန်းကလေးနဲ့ တစ်သက်လုံးပျော်ရွှင်နေရမှာ အခုတော့ မင်းကြောင့်
ငါ့သားက သူ့ချစ်သူနဲ့ဝေးကွာရအုံးမယ်"

ဆယ်ဟွန်းမရှိရင် သူဟာတစ်သက်လုံးပျော်ရွှင်မည်တဲ့လား။
မိမိကြောင့် လူတစ်ယောက်ရဲ့ပျော်ရွှင်ခြင်းတို့ စိတ်သုန်းနေခဲ့သည်လား။
မိမိကချစ်သူနှစ်ဦးကို ဝေးကွာစေခဲ့သည်လား။
သို့ပေမဲ့ အဲ့ဒီလိုတွေဖြစ်လာဖို့ဆယ်ဟွန်းမရည်ရွယ်ခဲ့ပါဘူး။

"မင်းကငါ့မိသားစုအတွက် အကြီးမားဆုံးသောအနှောက်အယှက်ပဲ အိုဆယ်ဟွန်း
ပြီးပြည့်စုံနေတဲ့ င့ါမိသားစုက မင်းကြောင့်
သူစိမ်းဆန်သွားကြရပြီ ငါ့အပေါ်ဂရုစိုက်ခဲ့တဲ့
ငါ့ခင်ပွန်းကိုလဲ မင်းပြောင်းလဲခဲ့တယ်
ထပ်ပြီးငါ့သားဘဝထဲကိုပါ မင်းကိုပေးဝင်ရအုံးမယ် မင်းကြောင့် ငါ့သားကဓားစာခံဖြစ်ရတယ်
မင်းကဂြိုလ်ဆိုးပဲ"

ဂြိုလ်ဆိုးတဲ့။
လှပမလိုနဲ့ မနှစ်မျို့စရာကောင်းလွန်းသော
ထိုနာမ်စား။
ဆယ်ဟွန်းက လူတိုင်းအတွက် ကောင်းကျိုးမပေးတဲ့ ဂြိုလ်ဆိုး။
ဆယ်ဟွန်းမိဘတွေကိုလဲ ကောင်းကျိုးမပေးခဲ့ဘူး။
ထပ်ပြီး ဆယ်ဟွန်းကို စောင့်ရှောက်တဲ့လူတွေကိုလဲ ကောင်းကျိုးမပေးခဲ့ဘူး။
အခုတစ်ခါ ဆယ်ဟွန်းကို သားအဖြစ်မွေးစားချင်တဲ့ အန်ကယ်Kimတို့မိသားစုကိုလဲ ဆယ်ဟွန်းကနှောက်ယှက်မိပြန်သည်။
Mrs.Kimပြောတဲ့ ဂြိုလ်ဆိုးဆိုတာ
ဆယ်ဟွန်းနဲ့အလိုက်ဖက်ဆုံးဖြစ်မည်ထင်သည်။

HE✨သူ (Completed)Where stories live. Discover now