သူ ♥
"မောင့် ထပါတော့ဆို၊
နောက်ကျနေလိမ့်မယ်""မောင်အိပ်ချင်သေးတယ်ပန်းလေးရဲ့"
ပုခက်လေးထဲမှ သမီးက တလှုပ်လှုပ်ဖြစ်လာပြီမို့ ဆယ်ဟွန်းမောင့်ကိုခဏထားကာ သမီးကိုအသာလေးပုတ်ပြီးပြန်သိပ်ရသည်။
နှိုးနေတဲ့သူက မထပါဘဲသမီးကနိုးလာတော့မည်။
သမီးနိုးလာရင်မောင့်ကိုဘာမှပြင်ဆင်ပေးနိုင်မှာမဟုတ်။
ပြင်ဆင်မပေးပြန်လျှင်လဲမောင်ကခန္ဓာကိုယ်ဗလာနှင့်ရပ်စောင့်နေမှာ။ဒီနေ့ မောင့်သူငယ်ချင်း ချန်းယောလ်နှင့်ဂယောင်ဆူး၏ မင်္ဂလာပွဲမို့ မောင့်ကိုခပ်စောစောသွားစေချင်တာဖြစ်သည်။
ဆယ်ဟွန်းက ပွဲချိန်နီးမှလိုက်သွားလဲဘာမှမဖြစ်။"မောင်ရေ ထပါတော့ဆိုဗျာ"
"ထပြီမောင့်မိန်းမရယ် မောင်ထပါပြီ"
"ခင်ဗျားနော် ဘာကိုမိန်းမလဲ
မခေါ်နဲ့အဲ့လို""ဘာခင်ဗျားလဲ၊ ပြန်ခေါ် မောင်လို့"
"ရစ်မနေဘဲရေသွားချိုးတော့မောင်
တော်ကြာသမီးနိုးလာရင် ဘာမှပြင်ဆင်ပေးလို့ရမှာမဟုတ်ဘူး"မောင်ကအိပ်ယာပေါ်ကဆင်းသည်နှင့် ဆယ်ဟွန်းလာနမ်းသည်။
"ဘယ်အချိန်ဖြစ်ဖြစ်မွှေးနေတာပဲ"
"အရမ်းအသားယူတယ်"
"သမီးက တစ်နေ့တစ်ခြားကြီးလာပြီပဲ
မြန်မြန်လူကြီးဖြစ်လာပါစေ"သမီးကအခုဆိုခြောက်လရှိနေပြီဖြစ်သည်။
သမီးမှာချို့ယွင်းချက်လေးပါလာခဲ့သည်။
ဆရာဝန်ရဲ့ခန့်မှန်းချက်အရ သမီးလေးကစကားပြောနိုင်ဖို့မသေချာဘူးတဲ့လေ။
အတိအကျတော့မဟုတ်ပေမဲ့စောင့်ကြည့်ဆဲကာလပင်ဖြစ်သည်။
သမီးကငိုလျှင်တောင်အသံပိစိလေးသာထွက်ပြီး မျက်ရည်တွေကျလာတာကြောင့်သာငိုမှန်းသိရတာဖြစ်သည်။
သမီးကို ကိုယ်ဝန်ဆောင်စဥ်က ထိခိုက်သွားတာကြောင့်အခုလိုဖြစ်ရခြင်းပင်။
တွေးမိတိုင်းဆယ်ဟွန်းစိတ်မကောင်းဖြစ်ရမြဲ။
သမီးနည်းနည်းကြီးလာရင်တော့တဖြေးဖြေးကုသကြည့်ရမှာပင်။