သူ……
ကုမ္မဏီသွားဖို့ပြင်ဆင်ပြီး အခန်းထဲကထွက်လာခဲတော့
အောက်ထပ်ကိုမဆင်းခင် ဘုရားခန်းကိုဖြတ်ရသည်မို့ ဘုရားပန်းတွေလဲနေသော အိုဆယ်ဟွန်းကိုတွေ့လိုက်သည်။
ကိုယ်နဲ့သူတွေ့လိုက်တိုင်း အမြဲတမ်း သူ့ဘက်ကကျောခိုင်းရက်အနေအထားသာဖြစ်နေတက်သည်။ကိုယ့်အာရုံ၌အတွေးတစ်ခုဝင်လာမိသည်။
ယောလ်ရဲ့ကောင်လေးကိုမတွေ့ခင် အိုဆယ်ဟွန်းကိုအရင်တွေ့ချင်မိသည်။ဘုရားခန်းရှေ့တွင်ရပ်ရင်း အသံပြုလိုက်သည်။
"အဟမ်း……"
သူ့လှုပ်ရှားမှုခဏမျှရပ်သွားပြီးနောက် ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
ကိုယ်ရောက်နေမှန်းသိတာတောင် သူကလျစ်လျှူရှုနိုင်သည်တဲ့လား။
ဒီအချိန်မှ မေမေလဲရောက်လာနိုင်တာမဟုတ်ပါဘဲ သူမျက်နှာချင်းဆိုင်ဖို့ မရဲဘူးတဲ့လား။
မေမေ့ကွယ်ရာ အရပ်အထိပါ သူကအမိန့်တစ်ခုလိုနာခံတက်ပြန်သည်လား။
အင်း……ကိုယ်မေ့ထားလို့မရဘူးပဲ။
သူကမေမေဖန်ဆင်းတဲ့နယ်ရုပ်တစ်ဆိုတာ……။အသင့်ရှိသော မနက်စာကို တစ်ယောက်ထဲသာ ဆိတ်ငြိမ်စွာစားခဲ့သည်။
လက်ထပ်ရမည့်ရက်နီးလာလေ ကိုယ့်ဘဝက
ပိုပြီးခြောက်သွေ့လေဖြစ်လာသည်။
သူနဲ့လက်ထပ်ပြီးသွားရင် ကိုယ်ဟာ သဲကန္တာရတစ်ခုမှာ မရမကကြိုးစားရှင်သန်ရမဲ့လူများဖြစ်သွားမလား။
သူဟာ ကိုယ့်ဘဝကို တစ်စတစ်စခြောက်သွေ့သွားအောင် တိုက်စားလွန်းသည့် အက်ဆစ်တစ်မျိုးလား။BMW အမျိုးအစား အနက်ရောင်ကားပေါ်သို့ စာရွက်စာတမ်းများထည့်ထားသော အိတ်ကိုပစ်တင်လိုက်သည်။
ကားပေါ်မတက်ခင် အနေအထားပြောင်းလဲနေသော ပန်းအိုးများကို တစ်ချက်ဝေ့ကြည့်မိသည်။
သူုပြုပြင်ထားခြင်းကြောင့်လားမသိ ခါတိုင်းထက်ပို၍ မျက်စိပသာဒဖြစ်သည်။ကိုယ်ကားစက်နှိုးပြီးသည်နှင့် ခြံတံခါးသည် အဆင်သင့်ပွင့်လို့သွားသည်။
သူကိုယ့်အနောက်မှာ အမြဲရှိနေပါလျှက်နဲ့
ရှေ့ကိုရောက်လာပြီး ကိုယ့်မျက်နှာကို ကြည့်ဖို့သတ္တိမရှိသေးဘူးလား။
ကိုယ့်ရဲ့အိမ်သူဖြစ်လာမည့် သူသည် ဤမျှအထိ လူတစ်ယောက်ရဲ့စကားကို နာခံဖို့လိုအပ်သည်တဲ့လား။
ကိုယ့်မေမေဖြစ်နေပါစေအုံးတော့ သူဘက်ကအနည်းငယ်တော့ တွန်းလှန်သင့်သည်လေ။