သူ……
စားပွဲပေါ်၌အစီအရီရှိနေသော ဓာတ်ပုံများကို
ကြည့်ကာနှလုံးသွေးကို ဆူပွက်နေသည့်အလား
ခံစားရသည်။
နာကျင်နေတဲ့သူကိုမှ ဘာလို့များထပ်ပြီးရိုက်ချက်ပြင်းပြင်းနဲ့ နှိပ်စက်နေရတာလဲ။
ချစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အရာရာနားလည်ပေးနိုင်ပေမဲ့ အတိုင်းအဆမဲ့နာကျင်အောင်
လုပ်နေရင် ဆက်ပြီးသီးခံနိုင်တော့မယ်မထင်ဘူး။အဝေးဆုံးကနေ အနီးဆုံးရောက်ဖို့
များစွာသော ရင်နီးမှုတွေလုပ်ခဲ့ဖူးသည်။
ရင်နီးမှုများစွာနှင့်တူညီသော အမှားများစွာကိုလဲ
ကျူးလွန်ခဲ့သည်။
ဝေးကွာလွန်းတဲ့ အခြေအနေတစ်ခုကနေ
နီးစပ်ဖို့ဖန်တီးထားတာမို့လို့ ဆန့်ကျင်ဘက်အရပ်စီကို ပြေးထွက်ရမှာမျိုးတော့……
တကယ်မလိုချင်ခဲ့ဘူး။နောက်ဆုံး……မဖြစ်နိုင်တော့ရင်တောင်
လာလမ်းကို ပြန်လှည့်ဖြစ်တော့မယ်မထင်ဘူး။ရုံးခန်းထဲရှိ စာရင်းစာအုပ်များကတော့
အပြစ်မဲ့စွာ ကြမ်းပြင်၌ပြန့်ကျဲလျက်။
ဖုန်းနံပါတ်တစ်ခုသို့ လိပ်စာပို့ပေးကာ
စက်ပိတ်ပစ်လိုက်သည်။တူနှစ်ကိုယ်ယှဉ်ကာ အပြုံးလှလှချိတ်ဆွဲထားသော ချစ်ဦးသူနှင့် သူ၏ကြင်နာသူ။
သိပ်လှလွန်းသော ဓာတ်ပုံကလေးအား
အလည်တည့်တည့်မှ ကတ်ကြေးနှင့်ညှပ်ပစ်လိုက်သည်။ကိုယ်တိုင်မနာလိုလောက်အောင် လှလွန်းသော
ပုံထဲမှထိုယောကျာ်းသည် ချစ်ရသူအတွက် ကြင်နာသူဖြစ်သော်ငြားလည်း မိမိအတွက်တော့
ခလုတ်ကန်သင်းတစ်ခုသာဖြစ်သည်။
လမ်းဆုံးအထိရောက်ဖို့အတွက် အမှိုက်မှန်သမျှကို ရှင်းပစ်ရမည်သာဖြစ်သည်။ယောကျာ်းတန်မဲ့လှလွန်းနေတာကလဲ မင်းအတွက် အန္တရာယ်တစ်ခုပဲ အိုဆယ်ဟွန်း။
နတ်ဆိုးတစ်ကောင်၏ အပြုံးကဲ့သို့
ကြောက်မက်ဖွက် အပြုံးတစ်ခုကို ကျေနပ်စွာပြုံးလိုက်မိသည်က မိမိသည်သာ အောင်နိုင်သူတစ်ယောက်လို။
~ ~ ~တစ်နေ့လုံး အိမ်မှာတစ်ယောက်ထဲဖြစ်နေသော်လည်း အန်တီနာယောင်းနှင့်ဝေးရာမှာမို့ ကြောက်ရွံ့စိတ်ရှိမနေ။