သူ……
ဒေါသမီးဟုန်းဟုန်းတောက်နေသော အန်တီနာယောင်း၏အကြည့်တို့က နေရာတွင်ပင်ပြာကျသွားလုနီးပါးဖြစ်ရသည်။
ဆယ်ဟွန်းတို့ပုံတွေကဘာလို့ TVမှာပါလာရတာလဲ။
အားလုံးကို အကျဉ်းရုံးလုပ်ခဲ့ကြတာပါ။ဒီကိစ္စအတွက် အန်တီနာယောင်းကဆယ်ဟွန်းကို အထင်လွဲနေတာလား။
မဟုတ်ဘူးနော်။ ဆယ်ဟွန်းဘာမှမသိဘူး။မကြည့်ပါနဲ့။
ဓားသွားတစ်စင်းလိုစူးနစ်ဝင်သွားနိုင်တဲ့ အဲ့ဒီအကြည့်တွေကို ဆယ်ဟွန်းကြောက်လို့ပါ။မဟုတ်ဘူး။ ဆယ်ဟွန်းလုပ်တာမဟုတ်ပါဘူး။
တရွေ့ရွေ့လျှောက်လာနေသော အန်တီနာယောင်းကို ဆယ်ဟွန်းလက်လေးတွေအကြိမ်ကြိမ်ခါပြနေမိသည်။
ခေါင်းရမ်းရလွန်းလို့လဲ ခေါင်းတစ်ခုလုံး ချာချာလည်နေသည်ဟုထင်နေမိသည်။ကျလုလုမျက်ရည်စတို့သည် ဆံပင်တို့ကိုအဆွဲခံလိုက်ရသည့်နောက် အလုံးအရင်းကျဆင်းကုန်ကြတော့သည်။
"နင့်ကြောင့်……လူယုတ်မာ"
ဟင့်အင်း……ဆယ်ဟွန်းမယုတ်မာပါဘူး။
"နင်လဲနင့်အမေတုန်းကလိုပဲ
ငါ့ကိုစိတ်ဆင်းရဲအောင်လုပ်တယ်
ငါ့ဘဝကို အမျိုးမျိုးဖျက်စီးတယ်
လာစမ်း…နင့်ကိုငါအရှင်မထားဘူး"တောင်းပန်ပါတယ်……ဆယ်ဟွန်းရှိခိုးပြီးတောင်းပန်တာမို့လို့ ကျေးဇူးပြု ပြီးလွှတ်ပေးပါ။
ဦးခေါင်းတစ်ခုလုံးပူထူနေမှုက မျက်လုံးတွေပင်ဝေဝါးလာသည်အထိခံစားရသည်။"အ ……အ……အ……အ……"
ကူကယ်ရာမဲ့စွာ ကယ်တင်မည့်သူကိုခေါ်မိသော်လည်း နှုတ်ဖျားကမည်သည့်စကားတစ်ခွန်းမျှထွက်ကျမလာဘဲ တူညီသောထိုတစ်လုံးသာထွက်လို့လာသည်။
အပြင်ကတံခါးတဒုန်းဒုန်းထုသံကိုကြားနေရသော်လည်း အန်တီနာယောင်း၏ရိုက်ချက်များကတော့ ရပ်တန့်မသွားပါဘဲ ဆယ်ဟွန်းပါးပြင်ထက် ဆက်နေသည်။
"နာယောင်း တံခါးဖွင့်စမ်း……
မင်းအပြစ်မရှိတဲ့ကလေးကို မနှိပ်စက်နဲ့
အခုချက်ချင်းတံခါးလာဖွင့်……"