သူ……
ကလေးရဲ့ပါးပါးစားချင်သည့် ကြက်ခြေထောက်သုပ်စားပြီးနောက် ညဈေးဘက်ကို ကားလေးဦးတည်ခဲ့ကြသည်။
ညဈေးတွင် စတင်လူစည်နေပြီမို့ ကိုယ်နည်းနည်းတော့ စိတ်မသက်မသာဖြစ်မိသည်။
တခါမှလဲ အခုလို မလာတော့ ပိုဆိုးသည်။
ပန်းလေးကြောင့်သာ ကိုယ်တကူးတကလာခဲ့ခြင်း။"မောင် သွားမယ်လေ"
"အင်း ခဏ မောင်ပိုက်ဆံယူခဲ့အုံးမယ်
ပန်းလေးလိုချင်တာရှိရင် ဝယ်လို့ရအောင်"မောင်ကကားထဲမှ ပိုက်ဆံယူကာဘောင်းဘီအိတ်ထဲထိုးထည့်သည်။
ထို့နောက် ဆယ်ဟွန်းလက်ကိုဆုတ်ကိုင်ကာ ညဈေးထဲတိုးဝင်သွားသည်။"မောင် ဒါတွေစားချင်တယ်"
"ဘာလဲပန်းလေး"
ပန်းလေးမျက်လုံးတွေ တလက်လက်နှင့် ကြည့်နေသည်က အချဉ်ပေါင်းသည်စီ။
ငရုပ်သီးသီးရဲရဲများဖြင့်နယ်ထားသောကြောင့်
စွဲဆောင်အားကောင်းလွန်းသည်။"အရမ်းစပ်မယ်ထင်တယ်ပန်းလေးရဲ့
စားလို့ရမယ်မထင်ဘူး ဒေါက်တာပြောလိုက်တယ်လေ အပူအစပ်သိပ်မစားပါနဲ့တဲ့""ဒါဆိုလဲ နည်းနည်းလေးတော့စားမယ်
အရမ်းစားချင်မိလို့""အင်းအင်း ခနစောင့် မောင်ဝယ်ခဲ့မယ်"
ပန်းလေးကိုခဏထားကာ အချည်ပေါင်းသည်စီလာခဲ့ရသည်။
အစပ်မထည့်သေးသည့် အချည်ပေါင်းကိုသာ
တသီးတသန့်ဝယ်လိုက်သည်။
ကိုယ့်ရဲ့ရွှေမင်းသားလေးက သဘောတကျပြုံးကာ စားနေသည်မှာ မြတ်နိုးဖွယ်ရာအတိ။
ပန်းလေးရဲ့အပြုအမူတိုင်းက ကိုယ့်အတွက်
ွှရူးသွပ်ဖွယ် အလှတရားတစ်ခုသာဖြစ်သည်။"ပန်းလေ ဟိုမှာ ကလေးဖိနပ်လေးတွေ
ကလေးလေးအတွက်ဝယ်ထားရအောင်နော်""ဟင့်အင်းမောင် မဝယ်ချင်ဘူး"
"ဘာလို့လဲပန်းလေးရဲ့"
"ကလေးပစ္စည်းဆိုတာ ကြိုပြီးမဝယ်ကောင်းဘူးလို့ ရှေးတုန်းကပြောကြတယ် အဲ့လိုဝယ်ရင်
ကလေးကတစ်ခုခုဖြစ်တက်တယ်တဲ့""အဲ့ဒါကအယူအတတွေပါ အချစ်ရယ်
အခုခေတ်မှာ အဲ့လိုတွေမရှိပါဘူး
ကလေးအတွက်ကြို ပြီးစုဆောင်းထားရတာပေါ့"