သူ……
ကုမ္မဏီကပြန်လာတော့ ခြံတံခါးဖွင့်ရန် ကားဟွန်းတီးမိသည်။
နေ့တိုင်း အဒေါ်ကြီးလာဖွင့်ပေးနေကြဖြစ်ပေမဲ့ယနေ့မည်သူလာဖွင့်မည်ကို ကိုယ်သိချင်မိသည်။တစ်ဦးတစ်ယောက်မှ ခြံထဲရောက်မလာပါဘဲ ခြံတံခါးပွင့်သွားသည်။
ကားကိုအိမ်ထဲမောင်းဝင်ခဲ့သည်နှင့်ခြံတံခါး
အလိုအလျောက်ပိတ်သွားသည်။အိမ်ထဲဝင်သည်နှင့် နောက်ဖေးစီသို့ဝင်သွားသော ပုံရိပ်တစ်ခု။
ဧည့်ခန်းအခြေအနေကို ကြည့်မိတော့
သာမန်ထက်ပို၍ကြည့်ကောင်းနေသည်။အိမ်အဝင်တံခါးဝတွင် ခလုတ်တစ်ခုတပ်ဆင်ထားသည်ကိုလဲ တွေ့ရသည်။
သိလိုစိတ်ဖြင့်နှိပ်ကြည့်လိုက်တော့ ခြံတံခါးပွင့်သွားတာကို သတိပြုမိသည်။
ဒါဟာလဲ မေမေ့ရဲ့စီစဉ်မှုပဲဖြစ်မည်။အိုဆယ်ဟွန်းနှင့်မျက်နှာချင်းမဆိုင်စေချင်သော
မေမေ၏စကားကို ခဏမေ့ကာ ကိုယ်သူရှိရာ
သွားဖို့ဆုံးဖြတ်မိသည်။
သို့သော် မအောင်မြင်လိုက်။
အပေါ်ထပ်မှ မေမေဆင်းလာသည်။"သား ပြန်လာပြီလား"
"ဟုတ်ကဲ့ မေမေ
ဖေဖေရော……အပြင်သွားတာလား""အင်း သူ့မိတ်ဆွေတွေနဲ့တွေ့မယ်ဆိုပြီး
သွားတယ် ……သား နားတော့လေ
ညနေစာအဆင်သင့်ဖြစ်ရင် မေမေလာခေါ်မယ်""အော်……မေမေ သားအတွက်
အအေးရနိုင်မလား သောက်ချင်လာလို့""အင်း မေမေယူခဲ့ပေးမယ်"
မေမေ့ကို လှည့်စားလို့မရမှန်း ကိုယ်သဘောပေါက်လိုက်သည်။
အပေါ်ထပ်တက်ကာ ရေချိုးအဝတ်အစားလဲလိုက်သည်။
ရေချိုခန်းက ထွက်လာတော့ အအေးဖန်ခွက်တစ်ခု ကိုယ့်စားပွဲပေါ် အဆင်သင့်ရောက်နေသည်။
မေမေလာပို့သွားတာပဲဖြစ်မည်။လိမ္မော်ရောင်ဖျော်ရည်ကို တစ်ငုံသောက်လိုက်သည်။
သူ့လက်ရာထင်ပါ့။
ခါတိုင်းသောက်နေကျအရသာနှင့်မတူ။ညနေစာစားရန် မေမေလာခေါ်တာကို မစောင့်ဘဲ အောက်ပြန်ဆင်းလာခဲ့သည်။
"သား……ဘာလိုချင်လို့လဲ"
ကိုယ့်အထင်မှားသွားသည်ပဲ။မေမေအခန်းထဲရှိမယ်ထင်ပြီး ဆင်းလာတာ မေမေကဧည့်ခန်းမှစီးကြိုနေခြင်း။
ကိုယ့်အဖြစ်က ကိုယ့်အိမ်ကိုယ်ရာ အပေါ်ထပ်အောက်ထပ်ဆင်းတာတောင် တစ်ခုခုလိုအပ်မှ ဆင်းလာရမည့်အဖြစ်။
မေမေဘာကြောင့်များ အခုလောက် တင်းကျပ်နေပါလိမ့်။