သူ……
"ခဏပြန်အိပ်လိုက်ပါလား မြောင်ဂျူ
အနားယူတော့ မြန်မြန်နေကောင်းတာပေါ့"ဒေါက်တာလာစစ်ဆေးပြီးနောက် သူမကိုအနားယူခိုင်းသွားသည်။
ဒေါက်တာကတစ်ခုခုပြောချင်နေမှန်းသိသော်လည်း သူမရဲ့မျက်နှာရိပ်ကြောင့် ဘာမှပြောမသွားပေ။"ဂျုံအင် ပြန်တော့လေ ဒီအချိန်ကို ဆယ်ဟွန်းကမျှော်နေရောပေါ့ ကျမကတစ်ယောက်ထဲအဆင်ပြေပါတယ်"
"အတွင်းရေးမှုးရောက်မှ ကိုယ်ပြန်လိုက်မယ်
သူ့ကို မင်းမိဘတွေစီဖုန်းဆက်ခိုင်းလိုက်တာ""ဟင်…ဒယ်ဒီတို့စီလား"
"ဟုတ်တယ်လေမြောင်ဂျူရဲ့ ဘာဖြစ်လို့လဲ"
"အော် ဘာမှမဖြစ်ပါဘူး ဒယ်ဒီတို့အရမ်းစိတ်ပူနေမှာစိုးလို့ ကျမကအကြောင်းမကြားခိုင်းတာပါ"
~~ဒေါက် ဒေါက်~~
"မမ သတိရနေပြီလား……
ကျမအခုပဲ သူဋ္ဌေးစီဖုန်းဆက်ခဲ့ပါတယ်""ဟင် အင်း……ဘာ…ဘာတဲ့လဲ ဒယ်ဒီက"
"မနက်ဖြန် 9နာရီလေယာဉ်နဲ့လာမယ်ပြောပါတယ် အစက ဒီနေ့လာဖို့စီစဉ်ထားတယ်ပြောတယ်မမ အလုပ်ကိစ္စတွေအပြီးသတ်နေတာကြောင့် ရက်ရွေ့လိုက်ရတာတဲ့"
"အော်……ဟင်း…ဒယ်ဒီတို့က ဒီကိုလာဖို့
အကြောင်းရှိလို့ထင်တယ်……ဘယ်သူတွေပါအုံးမယ်ပြောသေးလဲ""ဘာမှမပြောပါဘူးမမ"
"အင်း… ဂျုံအင် ပြန်တော့လေ
အတွင်းရေးမှုးရောက်လာပြီပဲ
စိတ်ချပြန်ပါ""ဒါဆို ကိုယ်ပြန်မယ်
မနက်ဖြန်မှ ဟွန်းနဲ့အတူလာခဲ့တော့မယ်""အင်းပါ"
"အတွင်းရေးမှုး သူ့ကိုဂရုစိုက်ပေးပါအုံး
အရေးကြီးရင် ကျနော့်ကိုဖုန်းဆက်လိုက်ပါ""ဟုတ်ကဲ့ပါ သူဋ္ဌေးကင်"
ဂျုံအင်ပြန်သွားသည်နှင့် အနီးရှိဆေးပုလင်းနှင့်
အတွင်းရေးမှုးကို ပစ်ပေါက်လိုက်သည်။"မမ ……"
"ငါဘာပြောခဲ့လဲ……ဟမ်…ဘယ်သူ့ကိုမှ
အကြောင်းမကြားဖို့ ငါမပြောခဲ့ဘူးလား"