သူ……
Mr.Kimနှင့် Mr.ယွန်းတို့ လေယာဉ်ဆင်းသည်နှင့်
မြောင်ဆူ၏အတွင်းရေးမှုးစီချက်ချင်းဖုန်းဆက်လိုက်သည်။
မြောင်ဆူနဲ့မြောင်ဂျူနေခဲ့သောအိမ်ကို သွားဖို့ရာလဲမဖြစ်နိုင်။
ဆိုးဒယ်ယောင်းပြောလို့ အိမ်ကိုရောင်းထားပြီဖြစ်ကြောင်းသိရသည်။"Mr.ယွန်း ခင်ဗျားတို့ အတွင်းရေးမှုးနဲ့အရင်စကားပြောကြပါ ကျနော်အိမ်ပြန်ပြီး မြောင်ဆူရဲ့အခြေအနေကို ကျနော့်ဇနီးစီမေးကြည့်ချင်လို့"
"ဟုတ်ကဲ့ Mr.Kim သမီးငယ် အိမ်မှာရှိတယ်ဆိုရင် အကြောင်းကြားပေးပါအုံး ကျနော်လာခေါ်ပါ့မယ်"
"ကောင်းပါပြီ"
Mr.Kimသည် ကားငှားကာအိမ်ပြန်သွားသည်။
ပြန်လာမည့်အကြောင်း ကြိုပြောမထားသည်မို့
ကုမ္မဏီကလဲလာမကြိုနိုင်။"အမ……မြောင်ဆူရောဟင်"
ဆိုးဒယ်ယောင်းကပဲ မနေနိုင်စွာ မြောင်ဆူဘယ်မှာရှိလဲမေးလိုက်ရသည်။
မြောင်ဆူဆိုသောကြောင့် အတွင်းရေးမှုးသည် အနည်းငယ်ကြောင်အသွားသည်။"ယွန်းမြောင်ဂျူကိုမေးတာပါ"
"မမ ဆေးရုံမှာပါ ကားအက်စီးဒင့်ဖြစ်ထားလို့"
ဆိုးဒယ်ယောင်းရော Mr.ယွန်း တို့ပါ စိတ်ပူသွားရသည်။
"အန်ကယ် ကျနော်တို့ ဆေးရုံလိုက်သွားကြရအောင်"
"အေးပါမောင်ရင် ခဏလေး
အန်ကယ်မေးပါရစေအတွင်းရေးမှုး
သမီးကစိုးရိမ်ရသလား""မစိုးရိမ်ရတော့ပါဘူး သူဋ္ဌေး
ကျမအထင်တော့ သူဋ္ဌေးတို့ အရင်ဆုံး ကုမ္မဏီကိုလိုက်ကြည့်စေချင်ပါတယ် ပြီးတော့မှ
မမစီသွားတာကောင်းမယ်ထင်ပါတယ်""ဒါဆိုလဲ အန်ကယ်တို့ ကုမ္မဏီပဲသွားကြတာပေါ့"
"ကျနော်မလိုက်တော့ဘူးအန်ကယ်
ကျနော် ဆေးရုံကိုပဲလိုက်သွားပါရစေ""မောင်ရင့်သဘောပါပဲ……
အန်ကယ်တို့ မလာသေးဘဲတော့ သမီးကို
အတင်းအကျပ်မလုပ်ပါနဲ့""စိတ်ချပါ ကျနော်မြောင်ဆူနားလည်အောင်ပြောပါ့မယ်……အမ…ဆေးရုံကဘယ်မှာလဲ"