သူ......
အေးအေးဆေးဆေးပြန်ဖြေသည့် ချန်းယောလ်စကားကို ဂျောင်ဆူးအာမေဋိတ်သံထွက်သည်အထိ အံ့သြရသည်။
ကြားကငထွားခါးနာနေသလောက် သကောင့်သားက ဘာမှမဖြစ်သလိုပင်။"နေ......နေပါအုံး မင်းကဘာကိုသိပြီးသားလဲ"
"သဇင်ပန်းလေးက အိုဆယ်ဟွန်းဆိုတာ
ငါအစကတည်းကသိတယ်""အစကတည်းကသိတယ် ဘယ်ကနေသိတာလဲ
သေချာပြောစမ်းပါကွာ""ဒီလိုကွာ ငါမင်းတို့ကိုပြောဖူးပါတယ်
သူဒုတိယအကြိမ်ပန်းချီကားလာဝယ်တဲ့အကြောင်း""အင်း မှတ်မိတယ် နောက်တခါငါတို့နဲ့မိတ်ဆက်ပေးဖို့တောင်ပြောသေးတယ် အဲ့တုန်းက"
"အေးအဲ့နေ့က ငါသူ့နောက်ကိုလိုက်သွားတာ
တမင်စုံစမ်းတာမျိုးတော့မဟုတ်ဘူး
ငါစိတ်ဝင်စားတဲ့သူမို့လို့ လိုက်ကြည့်မိတာ ဖြစ်ချင်တော့ သူက ဂျုံအင်တို့အိမ်ထဲဝင်သွားတယ်ကွာ အဲ့ကျမှ ငါလဲအံ့သြလာခဲ့ရတာ
သူကဘယ်လိုမှငြင်းလို့မရတဲ့ အိုဆယ်ဟွန်းဖြစ်နေတာလေ""ဟင် ဒါဆိုမင်းငါတို့နဲ့မိတ်ဆက်မပေးခင်ကတည်းက သိပြီးတာပေါ့"
"အင်း အဲ့ကတည်းကပဲ"
"ဒါများမင်းက မသိသလိုကြီးနဲ့သူ့နာမည်တွေဘာတွေတောင်မေးနေသေးတယ်"
"ငါက ဂျုံအင်သူ့ကိုသိမယ်ထင်လို့ကွ
ထိပ်တိုက်တွေ့တော့မှ ဒီကောင်က ဆယ်ဟွန်းကို တကယ်ကြီးမသိတာ သူမမြင်ဖူးသေးတာကို ငါလက်ခံလိုက်တာ""ဆယ်ဟွန်းကတော့ ဂျုံအင့်ကိုသိမှာပေါ့ဒါဆို"
"အင်း ဆယ်ဟွန်းကသိတယ်
သူသိလို့လဲ သူ့နာမည်ကိုမပြောတာပေါ့ကွ
နာမည်သာပြောရင် အဲ့ကတည်းက သူနဲ့ဂျုံအင်သိသွားကြမှာ""အော် အဲ့လိုလား ဒါဖြင့်မင်းတကယ်ဘယ်လိုမှမခံစားရဘူးပေါ့"
"ဆိုပါတော့ ငါဆယ်ဟွန်းအပေါ် သံယောဇဉ်အများကြီးမတွယ်သေးတာလဲ ပါတာပေါ့ကွာ
သူကဂျုံအင်နဲ့လက်ထပ်မဲ့သူမှန်းသိပြီးကတည်းက
ငါ့စိတ်ကို ပြန်ပြင်လိုက်တာ သူတို့လက်ထပ်ပွဲကိုတော့ ငါတမင်ရှောင်တာလဲမဟုတ်ဘူး
ဒီအတိုင်း နယ်သွားဖို့တိုက်ဆိုင်လာတာ"