သူ……
Mr.Kimဘက်ကပြန်လည်ဆက်သွယ်လာခဲ့သည်မို့ အားလုံးကို ဖွင့်ပြောဖို့ရန် ဆိုးဒယ်ယောင်း ဆုံးဖြတ်ခဲ့သည်။
မြောင်ဆူကို ပျော်ရွှင်စေချင်သော်လည်း မထိခိုက်စေလို။
ဒီထက်သာ ပိုပြီး ဖုံးကွယ်ထားမည်ဆိုလျှင်
သူမအတွက် အများကြီးထိခိုက်လာနိုင်သည်။
မုန်းချင်လဲမုန်းပါစေတော့။ကိုယ်မပိုင်ဆိုင်ရသော်လည်း သူမဘဝကို
မညစ်နွမ်းစေလိုပါ။
သူမအတွက် သေချာစဉ်းစားဆုံးဖြတ်ထားတာမို့
ခွင့်လွတ်နိုင်လိမ့်မည်ဟုလဲ မျှော်လင့်မိသည်။
Mr.Kimဆက်သွယ်လာသည့်နောက်အလုပ်ကိစ္စအကြောင်းပြကာ နှစ်ရက်ခန့် ပြန်စဉ်းစားခဲ့သည်။မြောင်ဆူဘက်ကတုန့်ပြန်မည့်အမုန်းတရားကို
ခံယူဖို့ သတ္တိအင်အားမွေးပြီးမှသာ Mr.Kimစီကိုလာခဲ့ခြင်း။"ကျနော် ဆိုးဒယ်ယောင်းပါ……
အန်ကယ်Kimနဲ့ချိန်းထားလို့""ဟုတ်ကဲ့ အထဲဝင်သွားလိုက်ပါ
သူဋ္ဌေးစောင့်နေပါတယ်"ဝန်ထမ်းက တံခါးဖွင့်ပေးသည်မို့ ဝင်လာခဲ့သည်။
မိမိကို မြင်သည်နှင့် Mr.Kim နေရာကထလာသည်။"မောင်ရင် လာ……ထိုင်အုံး
အန်ကယ်မင်းကို အရင်နေ့ကတည်းမျှော်နေတာ""ဟုတ်ကဲ့ ကျနော်အလုပ်နည်းနည်းများနေလို့ပါ"
"ရပါတယ်ကွာ……တစ်ခုခုသောက်မလား"
"တော်ပြီအန်ကယ်……
အန်ကယ်ပြောစရာရှိတာကိုပဲပြောပါ""မောင်ရင်က သားသူငယ်ချင်းမဟုတ်ဘူးမို့လား
သားနဲ့ပတ်သက်သမျှလူတိုင်းကို အန်ကယ်သိတယ်""ဟုတ်ကဲ့ ကျနော်က ကင်ဂျုံအင်ရဲ့သူငယ်ချင်းမဟုတ်ပါဘူး……ကျနော်ကယွန်းမြောင်ဆူရဲ့သူငယ်ချင်းပါ"
"မြောင်ဆူက မြောင်ဂျူညီမလေးဆိုတာတော့ အန်ကယ်သိတယ်……စိတ်မကောင်းစရာက
အဲ့ကလေးမဆုံးသွားပြီ မောင်ရင်လဲ သိလောက်ရောပေါ့""ဟုတ်ကဲ့ ကျနော်သိပါတယ်အန်ကယ်"
"ထူးဆန်းတာက မြောင်ဆူဆုံးသွားတာကို
သူ့မိဘတွေမသိဘူး……
အဲ့ကိစ္စအတွက် မောင်ရင်များတစ်ခုခုသိမလားလို့"