သူ……
"အား……ပင်ပန်းလိုက်တာကွာ"
ဝယ်လာသည့် ပစ္စည်းတွေနှင့် ယောလ်ပို့ပေးသည့် မွေ့ယာတို့အားနေရာချ ပြီးနောက် မွေ့ယာပေါ်ပစ်လှဲချကာငြီးလိုက်မိသည်။
ဗီဒိုထဲသို့ အဝတ်စားတွေစီထည့်နေသည့် ပန်းလေးကကိုယ့်ကိုစောင်းငဲ့ကြည့်သည်။
တစောင်းအနေအထားမြင်နေရတာတောင် ပန်းလေးကတော့ ချောရက်လွန်းသည်။"ရေချိုးလိုက်ပါလား……ညနေစာချက်ထားလိုက်မယ်
ပြီးမှ တခါထဲနားလိုက်""ဒီနေ့တော့ မချက်နဲ့လေ ပန်းလေးလဲပင်ပန်းနေတယ်မဟုတ်ဘူးလား
ရေချိုးပြီးအပြင်မှာသွားစားကြမယ်""အိမ်မှာပဲချက်ချင်လို့ အပြင်မှာဆို အရမ်းကုန်တယ်"
"ဘာဖြစ်လဲ ပိုက်ဆံကရှာလို့ရတာပဲပန်းလေးရဲ့"
"အော် ခင်ဗျားကအရမ်းချမ်းသာနေတယ်ပေါ့လေ"
"ဒါပေါ့ မောင်ကဘောစိလေ ပန်းလေးယောကျာ်းက သူဋ္ဌေးဆိုတာမမေ့နဲ့ ပန်းလေးကြိုက်တာပြော လက်ညှိုးထိုးလိုက်တဲ့ အရာအားလုံးရစေမယ်"
"ဟွန်းဘာမှမလိုအပ်ပါဘူး
သွားပါ ရေချိုးလိုက် အကျီ င်္ထုတ်ပေးထားမယ်""လူလဲ ဘယ်မှမသွားနဲ့ မောင်ထွက်လာတဲ့အထိစောင့်နေပေး"
"အမ် ညနေစာချက်မလို့ပါဆို"
"မရဘူး မောင်နဲ့ကျမှ အတူတူချက်မယ်"
"ပိုက်ဆံတောင် ကိုယ်တိုင်ရေတွက်စရာမလိုတဲ့လူက
မီးဖိုချောင်အလုပ်ကို လုပ်တက်မယ်မထင်ပါဘူး""အင်း မောင်မလုပ်တက်ဘူး
လုပ်ရမယ်လို့တခါမှမတွေးဖူးဘူး
ဒါပေမဲ့ အခုတော့ မောင့်အချစ်နဲ့အဲ့အတူ ကူညီပေးရမှာပေါ့ မောင်တစ်ထမ်း ပန်လေးငုတ်တုတ်ပေါ့ကွာ""မောင်တစ်ထမ်းမယ်တစ်ရွက်ပါ
ဘယ်လိုဖြစ်ပြီး မောင်တစ်ထမ်း ပန်းလေးငုတ်တုတ်
ဖြစ်ရတာလဲ""အော်ဟော……မောင်က မောင့်အချစ်လေးကို
ရွက်ခိုင်းမလားဗျ မောင်ပဲထမ်းမယ် မောင့်အချစ်က ငုတ်တုတ်လေးထိုင်နေပေးယုံပဲ"