သူ……
မြောင်ဆူရဲ့ နာရေးကိစ္စအားလုံးပြီးမှ
မြောင်ဂျူ့ကိုအိမ်ခေါ်လာခဲ့ရသည်။
ချန်းယောလ်တို့လဲ ကိုယ်နဲ့အတူအိမ်ကိုလိုက်လာကြသည်။ဟွန်းဆေးရုံမှာရှိနေသည့်အချိန်တွင် အဒေါ်ကြီးကိုမေမေပြန်ခေါ်ထားမှန်းသိလိုက်ရသည်။
"မြောင်ဂျူ ဒီမှာအားနာစရာမလိုဘူးနော်
တစ်ခုခုလိုအပ်ရင် အဒေါ်ကြီးကိုပြောလိုက်
သူအားလုံးလုပ်ပေးလိမ့်မယ်""အင်းပါ ကျေးဇူးတင်ပါတယ် မြောင်ဂျူ့ကိုအခုလို
နေခွင့်ပေးလို့""ရပါတယ်မြောင်ဂျူရယ်………
အော်……အဒေါ်ကြီး""ရှင် အကိုလေး"
"မေမေ့ကို မြောင်ဂျူရောက်နေတဲ့ အကြောင်းပြောလိုက်ပါ ပြီးတော့ ကျနော်ဆေးရုံကို ပြန်သွားရမှာမို့ သူ့ကိုလိုအပ်တာစီစဉ်ပေးလိုက်ပါအုံး"
"ဟုတ်ကဲ့အကိုလေး"
"ကိုယ်သွားလိုက်အုံးမယ်
ဂျောင်ဆူးတို့စောင့်နေလို့""ဂျုံအင်……ဆေးရုံကို တို့လိုက်ခဲ့လို့ရမလား
ဆယ်ဟွန်းကို သတင်းမေးချင်လို့ပါ""နားလိုက်ပါအုံး
နောက်မှ ဟွန်းနဲ့အေးအေးဆေးဆေးတွေ့ပေးမယ် နှစ်ရက်လောက်နေရင် ဟွန်းဆေးရုံကဆင်းမှာ""အော် အင်းပါ"
အပေါ်ထပ်ကမေမေဆင်းလာတာမြင်သော်လည်း ဆေးရုံပြန်သွားမည့်အကြောင်းမပြောတော့။
သူမကိုနှုတ်ဆက်ပြီး အပြင်ကစောင့်နေသည့်
ဂျောင်ဆူးတို့စီထွက်ခဲ့သည်။"ဂျုံအင် မင်းအချိန်ရရင်
ကိုယ်တို့စကားပြောရအောင်""အင်း ညနေစာစားရင်းပြောတာပေါ့
နေ့လည်စာမစားထားတော့ ဗိုက်နည်းနည်းဆာနေပြီ ဟွနအတွက်လဲ ဝယ်သွားရအုံးမယ်""အဟား ……အစကတော့ သူပဲမလိုချင်တာလို
မချစ်တာလိုနဲ့ အခုတော့လဲ ဘာဖြစ်ဖြစ်
ဟွန်း ဟွန်း ဆိုတာချည်းပဲ
တော်သေးတာပေါ့ကွာ ဒါတောင်လက်ထပ်မှမြင်ရလို့ စောစောစီးစီးသာမြင်ရင် ဒီအချိန်ဆို အရူးရင့်နေမှာသေချာတယ်"