သူ……
ှီုMrs.Kimသည် ယနေ့ မြောင်ဂျူ၏ မိဘများနှင့်ဆုံရန် တပည့်တစ်ယောက်အားစီစဉ်ခိုင်းထားသည်။
ယခင်ကတစ်ကြိမ်ဆုံဖူးသည်မို့ မှတ်မိနေနိုင်သည်။
မြောင်ဂျူမိဘတွေအကြောင်း စုံစမ်းရသလောက်တော့ သူတို့ကိုရီးယားမပြန်သည်မှာ အတော်လေးကြာပြီဖြစ်သည်။ဒေါက်~~ ဒေါက်
"ဆရာ ဝင်ခွင့်ပြုပါ"
"အေး ဝင်ခဲ့"
စီစဉ်ခိုင်းထားသည့် တပည့်ဖြစ်သူ ရုံးခန်းထဲဝင်လာသည်။
"အဆင်ပြေရဲ့လား"
"ပြေပါတယ်ဆရာ……သူတို့ဘက်ကလဲ တွေ့ချင်ပါတယ် မနက်ဖြန် နေ့လည်မှာ နေ့လည်စာစားဖို့ တခါထဲစီစဉ်ခဲ့ပါတယ်"
"အေးအေး ကောင်းပြီ လုပ်စရာရှိတာ သွားလုပ်တော့"
"ဆရာ အပြင်မှာ ဧည့်သည်တစ်ယောက်ရောက်နေပါတယ် ဆရာ့သားရဲ့သူငယ်ချင်းလို့ ပြောပါတယ်"
သားသူငယ်ချင်းဆိုတာကြောင့် ဂျောင်ဆူးနှင့်ချန်းယောလ်တစ်ယောက်ယောက်ဖြစ်မည်ဟုထင်လိုက်သည်။
"အော် အေး အထဲဝင်ခိုင်းလိုက်"
"ဟုတ်ကဲ့"
ခဏကြာတော့ တံခါးခေါက်သံပေါ်လာသည်။
ဝင်ခွင့်ပြုလိုက်တော့ ဝင်လာသည်က မိမိထင်ထားသော သားသူငယ်ချင်းတွေမဟုတ်။"မောင်ရင်က သားသူငယ်ချင်းလား"
"ဟုတ်ပါတယ်အန်ကယ် ကျနော့်နာမည်ဆိုးဒယ်ယောင်းပါ"
"အင်း စိတ်တော့မရှိနဲ့ကွယ်
သားသူငယ်ချင်းတွေထဲမှာ အန်ကယ်မင်းကို
တခါမှ မမြင်ဖူးဘူး""ဟုတ် ကျနော်တို့ရင်းနီးတာမကြာသေးပါဘူး
အန်ကယ်""အော် ဒါနဲ့မောင်ရင်လာတာ ဘာကိစ္စများလဲ"
"တခြားမဟုတ်ပါဘူးအန်ကယ်
K.S.H ကုမ္မဏီက ဒီမှာကုမ္မဏီခွဲဖွင့်တယ်ကြားလို့ပါ ဂျုံအင့်အကြောင်းလဲ မေးရင်ပေါ့အန်ကယ်
သူရောအဆင်ပြေရဲ့လားဗျ""ပြေပါတယ်…… မောင်ရင် လာသွားတဲ့အကြောင်း သားကို အန်ကယ်ပြောလိုက်ပါ့မယ်"