သူ……
အတိတ်တို့မည်သည်……………
"နာယောင်းကတော့ လုံးဝငြင်းမပေးနိုင်ဘူး
ကိုကို""နာယောင်းရယ် ညီမလေးက လိမ်မာပါတယ်
ကိုကို့မှာချစ်သူရှိတာသိရက်သားနဲ့ကွာ
ဖေဖေတို့မေမေတို့က ညီမလေးငြင်းရင်လက်ခံမှာပါ""ဘာလို့နာယောင်းနဲ့လက်မထပ်ချင်တာလဲ ကိုကို
နာယောင်းကိုမချစ်ဘူးလား""ချစ်တာပေါ့နာယောင်းရယ်
နာယောင်းကိုကို့အတွက် ညီမလေးပဲဟာ""တော်ပြီကိုကို ဘာမှဆက်မပြောနဲ့တော့
နာယောင်းဘက်က အပြတ်ပြောပြီးသားမို့
ထပ်ပြီးမတောင်းဆိုပါနဲ့
ကိုကိုရဲ့ဘာမဟုတ်တဲ့ချစ်သူကိုလဲ မေ့လိုက်
မဟုတ်ရင် သူ့ကိုဒုက္ခရောက်သွားအောင်လုပ်ပစ်မှာနော်""ညီမလေးရယ် ဘာလို့အဲ့လိုအတွေးမျိုးဝင်ရတာလဲကွာ ကိုကို့ညီမလေးက စိတ်ထားနူးညံ့ရဲ့သားနဲ့ သူများတစ်ဖက်သားကို အဲ့လိုမလုပ်တာ ကိုကိုသိတယ်"
"တခြားအရာတွေနဲ့ဆိုနူးညံ့ချင် နူးညံ့လိမ့်မယ်ကိုကို……ကိုကိုနဲ့ပတ်သက်ရင်တော့ နာယောင်းမနူးညံ့နိုင်ဘူး အဲ့ဒီ ဂျောင်ဆယ်ယွန်းစီသွားနေအုံးမယ်ဆိုရင် အန်ကယ်တို့ကိုပြန်တိုင်ပြီး သူ့ဘဝပျက်စီးသွားအောင်လုပ်ပစ်မှာ"
"ကိုကိုကဆယ်ယွန်းနဲ့လမ်းခွဲပြီး ညီမလေးကို
လက်ထပ်လိုက်တာနဲ့ ညီမလေးပျော်မယ်ထင်လို့လား""အပျော်ဆိုတာ နာယောင်းဖန်တီးယူလို့ရတယ်ဆိုတာ ကိုကိုမမေ့နဲ့ ကိုကိုတောင် မကြာခင်
နာယောင်းလက်ထဲရောက်တော့မဲ့ဟာ
ပျော်ရွှင်မှုလောက်တော့ စာမဖွဲ့ဘူး""ကိုကိုကနာယာင်းကို ညီမလေးတစ်ယောက်လိုပဲချစ်တာ သိသိကြီးနဲ့ မရူးမိုက်စမ်းနဲ့
ကိုကိုချစ်တာ ဆယ်ယွန်းကိုပဲ သူကကိုကို့လက်တွဲဖော်""မပြောနဲ့ကိုကို အဲ့ဒီမိန်းမကို သိပ်ချစ်ကြောင်းထပ်မပြောနဲ့ စောင့်ကြည့်စမ်းပါကိုကို
လက်ထပ်ပြီးတာနဲ့ ကိုကို ထိပ်ထားကို
ချစ်ကိုချစ်ရမယ်"ကင်ဆိုဟျွန်းဆိုသည့်
ကျနော်က အေးချမ်းခဲ့သည်။
ငယ်ငယ်ကတည်းက နှစ်အိမ်တစ်အိမ်နေလာခဲ့ကြသည်မို့ ယူနာယောင်းဆိုတာ ကျနော့်ရဲ့ညီမလေးလိုဖြစ်ခဲ့သည်။
ကျောင်းသွားလဲအတူတူ ဘယ်ကိုသွားသွားအတူတူမို့ ကျောင်းကလူတိုင်းကတော့
ကျနော်နှင့်နာယောင်းကို မောင်နှမအရင်းလိုပင်ထင်ကြသည်။