သူ……
🌹🌹🌹"မောင်……"
ဆယ်ဟွန်းကတော့ မောင့်ကိုလိုက်ရှာနေမိသည်။
နောက်မှ ကလေးလေးကိုသတိရကာ ဗိုက်ကိုကြည့်လိုက်တော့ ပြည့်ဖောင်းဖောင်းလေးအတိုင်းရှိနေသည်ကို မြင်ရမှ စိတ်အေးသွားရသည်။"မောင်ရောဟင်……မောင့်ကိုခေါ်ပေးပါ"
"အန်တီ ဖုန်းဆက်လိုက်မယ်ဟွန်းလေး
ခဏပဲနော် ……ဒေါက်တာလာပြီ""ဒေါက်တာ ကျနော့်သမက်အခြေအနေလေး
ကြည့်ပေးပါအုံး"ဒေါက်တာနှင့် သူနာပြုတစ်ချို့ဆယ်ဟွန်းကို
လိုအပ်သည်များ စမ်းသပ်နေချိန်တွင်
Mrs.Kimက သားစီကိုဖုန်းဆက်လိုက်သည်။"ဒေါက်တာ ဟွန်းလေးကစိုးရိမ်ရသေးလားဗျ"
"စိုးရိမ်စရာမရှိတော့ပါဘူး
အထဲက ကလေးလဲ ကျန်းမာပါတယ်
အခုနေကောင်းသွားပြီဆိုတော့…လိုအပ်တဲ့ ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ပေးပါ
ဒါကတော့ ကလေးကိုမွေးတဲ့အခါ အခက်အခဲမရှိအောင်လို့ပါ""ဟုတ်ကဲ့ပါ ကျနော်တို့ ဂရုစိုက်ပါ့မယ်"
"နောက်နှစ်ရက်လောက်နေရင် ဆေးရုံကဆင်းလို့ရပါပြီ ……ခွင့်ပြုပါအုံးဗျ"
"ဟုတ်ကဲ့ဒေါက်တာ"
ဒေါက်တာပြန်ထွက်သွားမှ အန်တီကဆယ်ဟွန်းအနားတိုးလာခဲ့သည်။
"ဟွန်းလေးဒေါက်တာပြောတာကြားတယ်နော်
စိတ်ကိုအကောင်းဆုံးပြင်ဆင်ထားပြီး
မြေးလေးကို ဂရုစိုက်ရအောင် ပြီးခဲ့တာတွေကို
ခေါင်းထဲကထုတ်လိုက်""ဟုတ် မောင်ရော မလာသေးဘူးလားဟင်
ဟွန်းမောင့်ကိုတွေ့ချင်လှပြီ အန်တီ""လာနေပြီ မေမေဖုန်းဆက်ထားတယ်
သားကသူ့သူငယ်ချင်း ဂျောင်ဆူးမင်္ဂလာပွဲသွားတာလေ""ဂျောင်ဆူးမင်္ဂလာပွဲ"
"ဟုတ်တယ်ဟွန်းလေးရဲ့……
ကဲ…ကဲ ခဏအနားယူအုံး ဘာစားချင်လဲ
အကြာကြီးဒီအတိုင်းနေရတော့ တစ်ခုခုစားမှဖြစ်မှာ""ဟွန်းမစားချင်သေးပါဘူး
မောင်လာမှ စားတော့မယ်""အေးပါကွယ် ဒါဆိုမေမေတို့အပြင်မှာရှိမယ်နော် သားလာတာနဲ့လွှတ်လိုက်မယ်"