သူ……
"မလုပ်နဲ့……"
ပန်းလေးလက်ကို အတင်းအကျပ်ဆွဲကာ
တိုက်ပေါ်မှ ခုန်ချဖို့ပြင်နေသည့် မြင်ကွင်းကြောင့် ကိုယ်အသံကုန်အော်လိုက်မိသည်။ကိုယ့်အော်သံကြောင့် ပန်းလေးသည် အားကိုးတကြီးလှည့်လာသည်။
တစ်ပြိုင်နက်လှည့်ကြည့်လာသည့် ယွန်းမြောင်ဆူရဲ့အကြည့်များက မကောင်းဆိုးဝါးတစ်ကောင်သဖွယ်။"မောင်……ဟွန်းကိုလာခေါ်ပါ"
"မလာနဲ့…ဂျုံအင်…လုံးဝရှေ့တိုးမလာနဲ့
ရှေ့တိုးလာတာနဲ့ အိုဆယ်ဟွန်းကို တွန်းချပစ်မှာ""မဖြစ်ဘူး…မြောင်ဂျူ…မဟုတ်ဘူး
မြောင်ဆူ အဲ့လိုမလုပ်ပါနဲ့……
ပန်းလေးကို လွှတ်ပေးလိုက်ပါ……
မင်းလုပ်ခဲ့သမျှ အားလုံးကို ကိုယ်ခွင့်လွတ်ပေးမယ် လွှတ်လိုက်ပါ""ဟား……ဟား……မလွှတ်နိုင်ဘူး
သူကသေရမှာ…သူသေမှ အားလုံးခံစားရမှာ
ဘာ…ကျမအပြစ်တွေကို ခွင့်လွတ်ပေးမယ် ဟုတ်လား…ဟား……ဟား……ရှင်ကခွင့်လွတ်ရင်တောင် ဥပဒေက ခွင့်လွတ်မှာမဟုတ်ဘူး……
အဲ့ဒီတော့ သူ့ကိုသေအောင်သတ်ပြီးမှ
အဆုံးသတ်မယ်……""ကိုယ်အာမခံတယ် မင်းဘာမှမဖြစ်စေရဘူး မြောင်ဆူ……တောင်းပန်ပါတယ် ပန်းလေးကို
လွှတ်လိုက်ပါ……""မလွှတ်ဘူး ထပ်မပြောနဲ့တော့
ကျမရှေ့မှာ သူ့ကို သိပ်စိတ်ပူမပြနဲ့
အခြေအနေတွေ ဒီထက်ပိုဆိုးမသွားစေချင်ရင်
လှည့်ပြန်သွား""မြောင်ဆူ……"
ဆိုးဒယ်ယောင်း အပေါ်ထပ်ကိုရောက်လာတော့
အန္တာရာယ်များလွန်းသည့် အခြေအနေဖြစ်သော မြောင်ဆူနှင့် အိုဆယ်ဟွန်းကို တွေ့လိုက်ရသည်။
တိုက်အစွန်းနှင့် နှစ်ပေခန့်သာ ဝေးတော့သည့်နေရာတွင် မြောင်ဆူရပ်နေခြင်း။
လက်တစ်ဖက်က အိုဆယ်ဟွန်းကို မလွှတ်တမ်းဆွဲထားသည်။"ဆိုးဒယ်ယောင်း……လူယုတ်မာကောင်
နင့်ကြောင့် ငါ့ဖြစ်ချင်တာတွေအားလုံး
ပျက်စီးသွားရတာ…နင့်ကိုငါဒီတစ်သက်မကျေဘူး""မြောင်ဆူရယ်……
ရပ်လိုက်ကြရအောင် ဆက်ပြီးအရူးဇာတ်မခင်းပါနဲ့တော့ မင်းအများကြီး နာကျင်ခဲ့ရပြီးပြီလေ
ထပ်ပြီး မခံစားချင်ပါနဲ့တော့ကွာ"