သူ……
ကိုယ့်စိတ်အစဉ် မတင်မကျဖြစ်ကာ
မြင်ကွင်းထဲသို့ မကြာခဏရောက်လာသောထိုကောင်လေး။
ဘာလို့လဲ……။
သူသာစကားပြောနိုင်ရင် ကိုယ်အဲ့ဒီနေ့က အဲ့ဒီနေရာမှာတင် မေးခွန်းထုတ်မိလိမ့်မည်။
ကိုယ့်လိုလူကို ပြုံးမပြနိုင်အောင် သူကဘာလဲ။
သာမန်ကောင်လေးတစ်ယောက်ပဲလေ။
သူ့ရဲ့ရုပ်ရည်ကြောင့်မာန်တက်လေသလား။
ထိုအကြောင်းအရင်းကြောင့်သာဆိုရင်
ယောလ်နဲ့ဂျောင်ဆူးကိုလဲသူပြုံးပြမည်မဟုတ်။ကိုယ်ဟာ ထိုကောင်လေးနှင့်အိုဆယ်ဟွန်းလို
လူမျိုးနှင့် တကယ်ကောင်းကျိုးမပေးဘူးထင်သည်။
အိမ်ကတစ်ယောက်ကလဲ ကိုယ်နဲ့မျက်နှာချင်းဆိုင်ဖို့ ဝန်လေးနေသည်။
သဘက်ခါပင်လက်ထပ်ရတော့မည်။
အိမ်က ရွှေမင်းသား ကိုယ့်ရဲ့သက်လျာနှင့်အခုထိ ထိပ်တိုက်မတွေ့ရသေး။ယောလ်မိတ်ဆက်ပေးလို့သိလိုက်ရတဲ့ ဟိုကောင်လေးကျပြန်တော့လဲ အကြောင်းမဲ့စွာ ကိုယ့်အားမလိုလားသည့် မျက်နှာထားနှင့်။
ကိုယ့်အားစိတ်ရှုပ်စရာကောင်းစေသည့် dumbများ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာကြောင့်ပေါ်လာကြပါလိမ့်။ခက်သည့်စိတ်တစ်ခုက ထိုစိတ်ရှုပ်စေသော
dumbနှစ်ယောက်သည် တစ်ယောက်ထဲလို့
ကိုယ်စွဲချက်တင်ချင်နေမိပြန်သည်။
တစ်ခဏယစ်မူးမိသွားသော ထိုနှုတ်ခမ်းပါးသည် သေချာပေါက် မမေ့နိုင်စရာပါ။
ကိုယ်အရောင်တင်ခဲ့မိတဲ့ နှုတ်ခမ်းငယ်ကို
မမှတ်မိနိုင်လောက်တဲ့အထိ ကိုယ်ဟာမေ့ပျောက်တက်သူမှမဟုတ်ဘဲ။ခက်သည်။ အိုဆယ်ဟွန်းကိုမမြင်ဘူးရခြင်းက ကိုယ်၏စွဲချက်ကို အမှန်တင်ပြလို့မရ။
စိတ်ရဲ့စေစားချက်အရ ထိုကောင်လေးနှင့် အိုဆယ်ဟွန်း
တစ်ယောက်ထဲဖြစ်စေချင်သော်လည်း
ဦးနှောက်၏ဆုံးဖြတ်ခြင်းကတော့ တစ်ယောက်ထဲမဖြစ်စေလို။
တစ်ယောက်ထဲသာဖြစ်နေခဲ့ရင် ကိုယ်ဟာသူငယ်ချင်းအပေါ် လွန်စွာအားနာရပေလိမ့်မည်။မည်သို့ပင်ဖြစ်လာစေကာမူ ထိုသူနှစ်ဦးသည် ကိုယ်ချစ်သော မြောင်ဂျူတော့ ဘယ်တော့မှဖြစ်လာမည်မဟုတ်။
မနက်ဖြန် သဘက်ခါကုမ္မဏီပိတ်ရက်ဖြစ်ပေမဲ့
လက်ထပ်မည့်ကိစ္စကြောင့် မည်သည့်အလုပ်တစ်စုံတစ်ရာမှသယ်မလာဖြစ်ခဲ့။
ဝရံတာထွက်ကာ လေညှင်းခံရင်း တစ်စုံတစ်ယောက် ဝင်ရောက်လာမည့် ကိုယ့်အနာဂတ်ကို
ပုံဖော်ကြည့်ဖို့ရာ စဉ်းစားမိသည်။
သို့သော် သူ့အကြောင်း ဘာတစ်ခုမှ မသိပါဘဲ
သူနှင့်ကိုယ် တစ်စုံတစ်ရာမျှ မသက်ဆိုင်ပါဘဲ
ကိုယ်အဘယ်သို့ပုံဖော်ကြည့်ရမည်နည်း။