သူ……
"အိုဆယ်ဟွန်း"
ရေပြင်၌လှုပ်ရှားနေသော သူ၏လက်ချောင်းတို့သည် ရုတ်ချည်းရပ်တန့်သွားသည်။ထိုင်နေရာမှ အေးဆေးစွာပင်
မတ်တပ်ရပ်သည်။
သူ့ရဲ့လှုပ်ရှားမှုတိုင်းက ဘာကြောင့်များ
ငြင်သာနေရတာလဲ။
သူဟာ ကိုယ်ရှိရာဘက်ကိုတော့ မျက်နှာမူမလာခဲ့။အကာအကွယ်မဲ့နေသော သူ၏လည်ပင်းသားဖွေးဖွေးသည် လရောင်အောင်၌ ထင်းလွန်းနေသည်။
"ကိုယ့်နာမည် ကင်ဂျုံအင်
Mr.ကင်ဆိုဟျွန်းနဲ့Mrs.ပတ်နာယောင်းတို့ရဲ့
တစ်ဦးတည်းသောသား K.S.H. ကုမ္မဏီရဲ့
CEO ကိုယ်မင်းနဲ့စကားပြောဖို့ လိုတယ်ထင်လို့
နားထောင်ပေးနိုင်မလား"သူခေါင်းငြိမ့်ပြသည်။
ကိုယ်ရဲ့အကြားအာရုံက သူ့ရဲ့အသံကြားဖို့ နားစွင့်လိုက်မိသေးသည်။
ကိုယ့်မေ့သွားတာ သူက ကိုယ့်ကိုတုန့်ပြန်လို့မှမရတာ။"ကိုယ်နဲ့လက်ထပ်ဖို့ လက်ခံတာ
စိတ်ရင်းအမှန်ပဲလား ဒါမှမဟုတ် ဖေဖေ့ကြောင့်လား"အမေးသာရှိ၍အဖြေပြန်မလာ။
ကိုယ့်မေးခွန်းကသူ့အတွက်အဖြေခက်နေလိမ့်မည်။
ခေါင်းငြိမ့်ပြယုံနှင့် ပြည့်စုံမည့် မေးခွန်းမှမဟုတ်တာပဲလေ။ဘောင်းဘီထဲအသင့်ထည့်လာသော ဖုန်းကိုဖွင့်ကာ note ထဲဝင်ပြီး သူ့ပုခုံးထက်ကကျော်လွန်ကာ ပေးလိုက်သည်။
စောင်းငဲ့ကြည့်ယုံသာကြည့်ပြီး ဖုန်းကိုမယူ။"မင်းအဖြေကို ကိုယ်သိချင်လို့
အဲ့ထဲမှာရေးပြ……
မင်းဘက်ကကိုယ့်ကို မေးစရာရှိတယ်ဆိုရင်
ပွင့်ပွင့်လင်းလင်းမေး ကိုယ်ဖြေမယ်"ထိုအခါမှ သူကဖုန်းကိုယူသည်။
ဖုန်းကိုငုံ့ကြည့်ကာ သူ့လက်ချောင်းတို့ကို အလုပ်ပေးနေပုံရသည်။
ကိုယ့်ဖုန်းစကရင်ပေါ်က သူ့လက်ချောင်းတွေကရော ရေကန်ထဲမှာလို လှပနေတာပဲလား။"ကိုယ့်မှာချစ်သူမိန်းကလေးရှိတယ်
ကိုယ့်အပေါ်အပြည့်အဝနားလည်ပေးတဲ့သူမျိုးပေါ့ အခုမင်းကြောင့် ကိုယ်သူနဲ့ တစ်ခန်းရပ်တော့မယ်ထင်တယ်………
ကိုယ့်ဖေဖေကပြောတယ် မင်းကိုကြင်နာပေးပါတဲ့……အင်း……ဖေဖေကမင်းကို တော်တော်လေး သံယောဇဉ်ရှိပုံရတယ်
မေမေကတော့ ဖေဖေနဲ့လုံးဝဆန့်ကျင်ဘက်ပဲ
မင်းကိုကြင်နာပေးစရာမလိုဘူးတဲ့လေ"