သူ……
ဖေဖေပြောနေတာတွေကို နားထောင်နေရင်း
ကိုယ့်ရင်ထဲ၌ တင်းတင်းကျပ်ကျပ်ခံစားလာရသည်။
တစ်ဆက်ထဲ မေမေ့ရဲ့ လုပ်ရပ်တွေအတွက်လဲ
အနည်းငယ်ဒေါသထွက်လာမိသည်။
မေမေက လူတစ်ယောက်အပေါ် တကယ်ပဲရက်ရက်စက်စက်နင်းချေခဲ့သလား။
ဂျောင်ဆယ်ယွန်းဆိုသော ဖေဖေ့ချစ်သူမိန်းကလေးဘဝ တစ်စီပျက်စီးသွားရခြင်းသည် အရင်းမြစ်ကို ရှာကြည့်ပါလျှင် မေမေ့ကြောင့်သာ။နောက်ထပ်ကိုယ်သိလိုက်ရသည်က ဖေဖေကကိုယ်ထင်သလို မေမေ့ကို သိပ်ချစ်လွန်း
တာကြောင့်မဟုတ်ဘဲ ဂျောင်ဆယ်ယွန်းဆိုသည့် အမျိုးသမီးထိခိုက်မည်စိုးသောကြောင့် မေမေ့အလိုကျ ချစ်ပေးခဲ့ရခြင်း။
အင်းလေ……ဖေဖေကသူ့ချစ်သူကို အရမ်းတန်ဖိုးထားပြီး ချစ်ခဲ့တာဆိုတော့ လွယ်လွယ်မေ့ကာ ဘယ်လိုလုပ် မေမေ့ကိုချစ်ပေးနိုင်ပါ့မလဲ။မျက်ရည်စတွေဝေ့သီနေသည့် ဖေဖေက
လက်ကိုင်ပုဝါထုတ်ကာ သုတ်နေသည်။
အတိတ်ကိုတူးစွရတာ တကယ်ပင်နာကျင်ဟန်တူသည်။"ဖေဖေ အဲ့ဒီအန်တီ ဂျောင်ဆယ်ယွန်းနဲ့သူ့သားလေး
ဘာဆက်ဖြစ်သွားလဲ""ဆယ်ယွန်းဆုံးသွားတယ်"
"ဗျာ……"
"ဟုတ်တယ်သား သူမဆုံးခင်မှာ
ဖေဖေသူ့စီကိုသွားခဲ့တယ် မလှပတဲ့ဘဝကြီးထဲကရုန်းထွက်ပြီး ကလေးနဲ့တနေရာမှာ သွားနေကြဖို့ ဖေဖေပြောခဲ့တယ်
ဒါပေမဲ့ သူကလက်မခံခဲ့ဘူး""သူဖေဖေ့ကို စိတ်နာသွားလို့လား"
"မဟုတ်ဘူးသား သူဖေဖေ့ကိုစိတ်မနာပါဘူး
ဆယ်ယွန်းက ဖေဖေ့ကိုအရမ်းနားလည်ပေးနိုင်တာ ဖေဖေကူညီပေးတာကို သူလက်မခံပေမဲ့ကတိတစ်ခုတော့ သူတောင်းခဲ့တယ်
သူမရှိတော့တဲ့ အချိန်ကျရင် သူ့သားလေးကို
စောင့်ရှောက်ပေးပါတဲ့လေ သားမေမေကို
ကြောက်ပေမဲ့ သူ့သားလေးကို တစ်ယောက်ထဲ မထားခဲ့နိုင်ဘူးတဲ့သားရယ်""အန်တီဆယ်ယွန်းရဲ့သားဆိုတာ
ဆယ်ဟွန်းမဟုတ်လားဖေဖေ""အင်း ဆယ်ဟွန်းလေးက ဆယ်ယွန်းသား
သူ့အမေရဲ့အလှအပတွေစုပုံရတဲ့
ကြွေရုပ်လေးတစ်ရုပ်လိုပဲ သူ့အမေလိုပဲ
ဆယ်ဟွန်းလေးက သိပ်ကိုအေးချမ်းတာ
ဒါပေမဲ့ ကလေးဘဝကလဲ ကံမကောင်းရှာခဲ့ဘူးလေ"