သူ……
နှဖူးစပ်ကို လာရောက်ကျီစယ်နေသည့် လေနုအေးကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ ဆယ်ဟွန်းရောက်နေသည်က မောင့်ရင်ခွင်မှာ။
မောင့်လက်တစ်ဖက်က ဆယ်ဟွန်းခေါင်းအောက်မှာရှိနေပြီး ကျန်တစ်ဖက်က ခါးထက်၌ချိတ်တွယ်လျှက်။ခန့်ညားမှုအပြည့်နှင့် မောင့်မျက်နှာချောချောသည် တစ်စက္ကန့်သော်မှ အကြည့်မလွှဲနိုင်အောင်ပင်။
အရာရာပြီးပြည့်စုံသော ထိုယောကျာ်းသည်
ဆယ်ဟွန်းရဲ့ပိုင်ဆိုင်မှုဆိုတာ သိရပြန်တော့ ကျေနပ်မိသည်။
သို့သော်……ဘယ်အချိန် ဆုံးရှုံးရမယ်ဆိုတာတော့။ပိုင်ဆိုင်နေရတဲ့အချိန်တစ်ခုမှာ မောင့်ကိုလွတ်လပ်စွာချစ်ချင်သည်။
နုံချာလှတဲ့ဘဝတစ်ခုကို မောင်ကပြောင်းလဲပေးခဲ့သည်။
ကြောက်ရွံ့နေချိန်တွေမှာ မောင်ရှိနေပေးခဲ့သည်။
အပြည့်အဝကာကွယ်မှု မပေးခဲ့ပေမဲ့
မောင်ကတော့ ဆယ်ဟွန်းကို ဒဏ်ရာတွေမပေးဘဲနေခဲ့သည်။ဝန်ခံပါစေမောင်။
ဟွန်းမောင့်ကို သိပ်ချစ်ပါတယ်။
တစ်သက်လုံးမှာ ပြောင်းလဲခြင်းမရှိတဲ့
အချစ်က မောင့်အတွက်ဖြစ်တည်လာခဲ့တာပါ။မောင်ကသာအားကိုးရာ……။
မောင်ကသာ ကိုးကွယ်ရာ……။
မောင်ကသာ ရှင်သန်ရာ……။
မောင်ကသာ ကြင်နာခြင်း……။
မောင်ကသာ နာကျင်ခြင်း……။
မောင်ကသာ ပျော်ရွှင်ခြင်း……။
မောင်ကသာ နောက်ဆုံးထွက်သက်အထိ
အားကိုးရာမဲ့သော ဟွန်းဘဝတစ်ခုလုံးကို
ပိုင်ဆိုင်မဲ့သူ။လေးကိုင်းသဏ္ဌာန် နှုတ်ခမ်းတစ်စုံကို
ဖွဖွလေးတို့ထိနေမိသည်။
နူးညံ့တဲ့စကားလုံးတွေ နွေးထွေးတဲ့စကားလုံးတွေကို အမြဲတမ်းပြောတက်သည့် ထိုနှုတ်ခမ်းပါးက ဆယ်ဟွန်းအတွက် တန်ဖိုးကြီးလွန်းသည်။
ပထမဆုံးအကြိမ် ဆယ်ဟွန်းဘက်မှပေးမိသော
အကြင်နာတစ်ပွင့်။ဆယ်ဟွန်းအပေါ် အကောင်းဆုံးချစ်ပေးသော
ဒီလူသားထံမှာ ဘဝတစ်ခုလုံးပေးအပ်ခဲ့ရခြင်းအား နောင်တမရမိ။
တစ်နေ့ ဝေးကွာခဲ့ကြရင်တောင် မောင့်အား
ဆယ်ဟွန်းပိုင်ဆိုင်ခဲ့ဖူးသည်ပဲ။
မောင့်ရဲ့အချစ်ကို ရရှိခဲ့သည်ပဲ။
လောဘမကြီးတော့ပါဘူးမောင်။
အနားမှာရှိတုန်း တန်ဖိုးထားပြီးမြတ်နိုးပါရစေ။