သူ……
"ဟင်……အကိုလေးဟွန်း ဒီကိုဘာလာလုပ်တာလဲ"
ခြံအပြင်မှ ဘဲလ်တီးတော့ ဒရိုက်ဘာလီတံခါးလာဖွင့်ပေးသည်။
ဆယ်ဟွန်းကိုမြင်တော့ အံ့သြစွာမေးလာသည်။"အန်တီနာယောင်းနဲ့လာတွေ့တာပါ
ဒရိုက်ဘာလီ ကုမ္မဏီကိုမသွားဘူးလား""မသွားဘူးအကိုလေးဟွန်း
အကိုလေးက သူကိုယ်တိုင်ကားမောင်းတော့
ကျနော်အိမ်မှာပဲနေရတာ ဒါနဲ့ ဒီကိုလာတာ အကိုလေးသိလား""မောင်မသိပါဘူး……
မောင်ကကုမ္မဏီသွားပြီလေ""အကိုလေးဟွန်းရယ် ဘာလို့တစ်ယောက်ထဲလာတာလဲဗျာ တော်ကြာ ဆရာကတော်ကတစ်ခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ"
"ဘာမှမဖြစ်ပါဘူးဒရိုက်ဘာလီ
အန်တီရှိတယ်မဟုတ်လား
ကျနော်သွားတွေ့လိုက်ပါ့မယ်""ရှိတယ်အကိုလေး……ဂရုစိုက်ပါအုံး
တစ်ခုခုဆို ကျနော့်ကိုလှမ်းခေါ်လိုက်""ဟုတ်ကဲ့"
ဆယ်ဟွန်းခြံထဲဝင်ခဲ့ပြီးမှ တံခါးပြန်ပိတ်သည်။
ခြံကိုလှည့်ပတ်ကြည့်ပြီး ကားတစ်စီးပိုနေတာတွေ့သည်မို့~"ဒရိုက်ဘာလီ ယွန်းမြောင်ဂျူ အိမ်မှာရှိနေတာလား
သူအလုပ်မသွားဘူးလား""မသွားတာလား မသွားသေးတာလား မသိဘူးအကိုလေး လောလောဆယ်တော့ အိမ်မှာရှိတယ်"
"အော်……အခုသူ့ကိုလိုက်မပို့ရတော့ဘူးပေါ့"
"ဟုတ်တယ်ဗျ သူ့ကားနဲ့သူပဲသွားတာ
အရင်ကလဲ လိုက်ပို့ခိုင်းချင်လို့မဟုတ်ပါဘူးအကိုလေးဟွန်းရာ……အကိုလေးစီသွားချင်လို့ သက်သက်ဒုက္ခပေးနေတာပါ""ကျနော် မေးစရာလေးရှိလို့
ဖြေပေးလို့အဆင်ပြေမလား""ဘာလဲအကိုလေး မေးပါ"
"ယွန်းမြောင်ဂျူကို အရင်ကတည်းကသိတာဆိုတော့
သူ့မှာညီမရှိတာသိလားဟင် မြင်ရောမြင်ဖူးလား""ကျနော်တော့ မသိဘူးဗျ
အကိုလေးကတော့သိမှာ……
အော် ဟိုတခါသူ့ညီမနာရေးတုန်းကတော့
ရောက်သေးတယ် ဒါပေမဲ့ မမြင်ဖူးပါဘူး"