Ep 20

845 94 39
                                    

သူ……
            

ဆယ်ဟွန်းအိပ်ယာနိုးနိုးချင်း မျက်လုံးဖွင့်ကြည့်တော့ ခုတင်ဘေးတွင် အပြုံးတစ်ခုဖြင့် ကြည့်နေသည့်သူ့ကိုတွေ့လိုက်ရသည်။

ရင်ဘတ်ထဲက တဒုတ်ဒုတ်မြည်ကာ သူကိုင်ထားတဲ့လက်ကို ဆွဲယူတော့ လွှတ်မပေး။

"ပန်းလေးနိုးပြီလား
အိပ်လို့ရော ပျော်လား အိပ်မက်တွေရောမက်လား"

ကလေးတစ်ယောက်ကိုမေးသလိုပုံစံမျိုးနှင့် သူကဂရုတစိုက်မေးနေပြန်သည်။
ဆယ်ဟွန်းသူ့ကိုပြောစရာစကားရှာလို့မရ။
သူ့မျက်နှာချောချောကို ငေးကြည့်ကာသာ
ရင်ခုန်နေမိသည်။

"မောင်ကအရမ်းကြည့်လို့ကောင်းလား
မျက်တောင်လေးခတ်အုံးပန်းလေးရဲ့"

သူ့စကားကိုကြားသော်လည်း အကြည့်ကလွှဲလို့မရ။ ငေးကြည့်နေမြဲသာ။
သူ့လက်နဲ့မျက်လုံးကိုလာပိတ်မှသာ
မှိတ်ထားလိုက်မိသည်။

"ဟော……ပန်းလေး ပြန်အိပ်သွားတာလား"

"ဟင် မအိပ်ပါဘူး
သူ့ကိုကြည့်တာ မကြိုက်ဘူးထင်လို့"

"အဟက် မောင်ကမကြိုက်ဘူးပြောမိလို့လား
ပြန်မအိပ်တော့ဘူးဆိုရင် မောင်ထူပေးမယ်
မျက်နှာသစ်ရအောင်"

"ရတယ် ဟွန်းကိုယ့်ဘာသာထနိုင်ပါတယ်"

ဆယ်ဟွန်းပြောတာကို သူကအရေးမယူဘဲ
လူနာတစ်ယောက်လို ထူပေးနေသည်။
ခြုံထားတဲ့စောင်ကို သူဖယ်လိုက်သည်မို့
လန့်သွားမိကာ သူ့ကိုမော့ကြည့်လိုက်မိသည်။

"လန့်သွားတာလား
မောင်ကသန့်စင်ခန်းထဲခေါ်သွားပေးမလို့လေ
ဘာမှမလုပ်ပါဘူး"

သူကပြောပြောဆိုဆိုပွေ့ချီလိုက်သည်မို့
လက်တွေကအလိုလိုသူ့လည်ပင်းသိုင်းဖက်မိသွားသည်။
ပြုတ်ကျမည်စိုးတာကြောင့် ခန္ဓာကိုယ်က အလိုအလျှောက်တုန့်ပြန်မိခြင်းထင်သည်။

"ဟို……ဟွန်းကိုယ့်ဘာသာလုပ်ပါ့မယ်"

ဘေစင်ပေါ်တင်ပေးပြီး မျက်နှာသစ်ပေးဖို့လုပ်နေသည်မို့ ဆယ်ဟွန်းငြင်းမိပြန်သည်။
ဒီအတိုင်းသူ့ရှေ့မှာ ရှိနေရတာကို ရှက်နေမိသည်။

HE✨သူ (Completed)حيث تعيش القصص. اكتشف الآن