Ep 10

962 113 27
                                    

သူ……
             

ဧည့်ခန်း၌ချိတ်ထားသော သဇင်ပန်း ပန်းချီကို
ကိုယ်အခုမှသေချာကြည့်နေမိသည်။
တကယ်ဆို ထိုပန်းချီကားအစပြုကာ သူနဲ့တွေ့ဆုံခဲ့ခြင်း။
ကိုယ်မထင်ခဲ့မိဘူးလေ။ ကိုယ့်စိတ်ကိုအဲ့ဒီအချိန်ကတည်းက သူထိန်းချုပ်ခဲ့တာကို။

သူဟာပန်း ပန်းချီတွေကိုကြိုက်နှစ်သက်သလိုပဲ
ပန်းတစ်ပွင့်ကဲ့သို့  နူးညံ့လွန်းသည်။

ကိုယ့်အကျီ င်္အနားကို မရဲတရဲလာစွဲခံရသည်မို့
လှည့်ကြည့်တော့ ရိုးရှင်းစွာကြည့်ကောင်းနေသောပန်းလေး။
အနက်ရောင်ဘောင်းဘီနှင့်အပြာနုရောင် အကျီ င်္ပွပွကပင် ပန်းလေးကိုပို၍နူးညံ့စေသည်။
သစ်လွင်သော အဝတ်အစားမဟုတ်ပေမဲ့
သူနှင့်တော့ လွန်စွာကြည့်ကောင်းသည်။

"5မိနစ်ကျော်ကြာတယ်နော်"

လက်နှစ်ဖက်ကိုလိမ်ယှက်ကာ အကြောင်းပြချက်စဉ်းစားနေဟန်တူသည်။

"ဗိုက်ဆာနေလိမ့်မယ် သွားစို့"

အတူသွားဖို့လက်ကိုဆွဲတော့ရုန်းသည်။
ကိုယ်ကဘာလဲဆိုသည့်အကြည့်နဲ့ကြည့်တော့ ကိုယ့်ကိုရှေ့ကသွားခိုင်းသည်။
အဲ့လောက်အထိ ကြောက်ရွံ့ဖို့မလိုဘူးလေပန်းလေးရယ်။
မင်းကိုခြိမ်းချောက်မဲ့သူတွေ များလာလိမ့်မယ်။

"ဟွန်း"

"မင်းကကိုယ့်လက်ထပ်ထားတဲ့သူ
ကိုယ်နောက်မှာနေဖို့မလိုအပ်သလို ကိုယ့်ရှေ့သွားဖို့လဲမလိုအပ်ဘူး အမြဲကိုယ့်ဘေးမှာရှိနေဖို့ပဲလိုတယ် ကိုယ်ပြောတာ သဘောပေါက်လား"

ခေါင်းငြိမ့်ပြသည်နှင့် ကိုယ်သူ့လက်ကိုဆွဲလိုက်သည်။
ကားတံခါးဖွင့်ပေးပြီး သူ့ကိုတက်ခိုင်းတော့လဲ
အိမ်ထဲကို မဝံ့မရဲပြန်ကြည့်သေးသည်။

ကိုယ်ကားပေါ်တက်ပြီး သူ့ဘက်ကိုခါးပတ် ပတ်ပေးဖို့ပြင်တော့ ကိုယ်လေးက နောက်မှီကိုတိုးကပ်သွားသည်။
နီးကပ်နေသည့် သူ့မျက်နှာကို ကိုယ်စိုက်ကြည့်တော့ မနေတက်စွာ ခေါင်းငုံချလိုက်သည်။

ကိုယ်ကသူ့မျက်နှာကို လိုက်ငုံ့ကြည့်တော့ ထပ်ငုံ့သွားပြန်သည်။

HE✨သူ (Completed)Où les histoires vivent. Découvrez maintenant