သူ……
ပလက်စတစ်ကော်ဖီခွက်လေးကို အမှိုက်ပုံးထဲထည့်ထားခဲ့ပြီး ဟွန်းရှိရာစီပြန်လာခဲ့တော့
ရုတ်ရုတ်သဲသဲဖြစ်နေသည့် အခြေအနေတစ်ခုက စီးကြိုလို့နေသည်။
တစ်ယောက်ပြီးတစ်ယောက် ဝင်ထွက်နေသော ဒေါက်တာများနှင့်သူနာပြုတချို့။"ဥက္ကဋ္ဌကြီး"
ကိုယ့်အနားသို့ အပြေးရောက်လာသောဆေးရုံအုပ်။
"ဥက္ကဋ္ဌကြီးခင်ပွန်း နှလုံးခုန်ရပ်သွားပြီ"
"ဘာ……"
နားစည်၌ပဲ့တင်ထပ်နေသောထိုအသံ။
အခန်းစီအမြန်သွားကာကြည့်မိတော့
နှလုံးခုန်ရန် စွမ်းဆောင်နေသော မြင်ကွင်း။
ဟွန်းခန္ဓာငယ်မြှောက်တက်သွားတိုင်း
ကိုယ့်အသက်ရှူနှုန်း ရပ်တန့်သွားရသည်။
နှလုံးခုန်စက်၏ မျက်နှာပြင်တွင် နေရာယူနေသော မျဉ်းဖြောင့်တစ်ကြောင်း။
ထိုမျဉ်းတစ်ကြောင်းသည် ပကတိငြိမ်သက်လျှက်။
ဟွန်းရဲ့လက်ဖဝါးပြင်လေးသည် ခုတင်ဘေးတွင်
လျော့ရဲစွာ ကျလို့နေသည်။"အထဲဝင်မယ်"
"ဝင်လို့မရပါဘူး ဥက္ကဋ္ဌကြီး
ဒါအရေးပေါ်အခြေအနေမို့ပါ
သီးခံပေးပါ""သူတစ်ခုခုဖြစ်ရင် ဒီဆေးရုံတစ်ခုလုံးကို
ငါမီးလောင်တိုက်သွင်းပစ်မယ်"အနီးအနားရှိခုံအား စိတ်ရှိတိုင်းစောင့်ကန်ပစ်ခိုက်မိသည်။
ကြောက်လန့်တကြား နောက်ဆုတ်သွားသည့်ဆေးရုံအုပ်။
အခန်းတံခါးဆွဲဖွင့်ကာ အထဲသို့တိုးဝင်လာခဲ့သည်။
ဟွန်းအနားမှခွာကာ အခန်းထောင့်၌စုသွားသော
ဆရာဝန်များ။"ဘာလုပ်နေကြတာလဲ
သူ့ကိုကုလေ ခင်ဗျားတို့က ဆရာဝန်တွေမဟုတ်ဘူးလား လူနာကို ဒီတိုင်းကြည့်နေကြတာလား ဆေးလက်မှတ်တွေက သုံးစားလို့မရကြလို့လား ဟမ်……""စိတ်ထိန်းပါအုံး ဥက္ကဋ္ဌကြီး……
ခင်ပွန်းဖြစ်သူက ဆုံးပါးသွားပါပြီ""တော်စမ်း……"
လာပြောသည့် ဆေးရုံအုပ်၏ လည်မျိုအား
ဆွဲညစ်ထားလိုက်မိသည်။"အရေးမပါတဲ့ စကားကိုမပြောဘဲ
ရအောင်ကုပေး……အဲ့ဒီစကားထပ်ထွက်လာရင်
ခင်ဗျားကို တခါထဲသတ်ပစ်မယ်"