သူ……
ဒုတိယအကြိမ်ထပ်မြည်လာသောဖုန်းကြောင့် ခုတင်ပေါ်ကဆင်းကာ ဖုန်းကိုင်လိုက်ပြီး အခန်းပြင်ထွက်လာခဲ့လိုက်သည်။
"အင်း ……မြောင်ဂျူပြော"
*ဂျုံအင်ဒီနေ့အလုပ်သွားမယ်မဟုတ်လား
အန်ကယ်ပြောနေတာကြားလို့*"ဟုတ်တယ် ကိုယ်အလုပ်တွေပစ်ထားတာ
ကြာပြီမို့ ဒီနေ့သွားမှာ"*အဲ့ဒါဆိုတို့ကိုလာခေါ်ပေးပါလား
ကားက အင်ဂျင်မကောင်းလို့ ဝပ်ရှော့ခ်ပို့ရမယ်ထင်တယ်*"အော် ဘယ်လိုလုပ်မလဲမြောင်ဂျူ
ကိုယ်ကသူငယ်ချင်းအိမ်မှာ ခဏရောက်နေတာဆိုတော့ အိမ်ကိုပြန်လာဖြစ်မှာမဟုတ်ဘူး
ဒီကနေပဲ ကုမ္မဏီကို တခါထဲသွားမှာ"*ဂျုံအင်ကားကိုမောင်းတဲ့ဒရိုက်ဘာကအိမ်မှာလေ
သူနဲ့လိုက်ခဲ့လို့ရတာပဲ အဆင်မပြေဘူးလား*"အဲ့ဒါဆို မြောင်ဂျူပဲဒရိုက်ဘာကို ခေါ်သွားလိုက်
ကိုယ်ကဒီကနေပဲသွားလိုက်မယ်"*ဘာလို့လဲ ဂျုံအင်……
ဘာလို့ အခုလိုပြောင်းလဲသွားရတာလဲ*"ဟင် ဘာကိုလဲမြောင်ဂျူရဲ့"
*တို့ကိုဘာလို့ရှောင်နေရတာလဲ
အိုဆယ်ဟွန်းကြောင့်လား
တို့ပြောခဲ့ပါတယ် ဂျုံအင်တို့ကြားမှာ
လုံးဝမနှောက်ယှက်ပါဘူး အခုကလဲတကယ်အကူညီလိုလို့ပါ ဂျုံအင်ကတို့ကိုမိတ်ဆွေတစ်ယောက်အနေနဲ့တောင် မကူညီနိုင်ဘူးဆိုလဲ အကူညီမတောင်းတော့ပါဘူး
အနှောက်ယှက်ပေးသလိုဖြစ်သွားရင် တကယ်တောင်းပန်ပါတယ်*"ခဏလေးမြောင်ဂျူ……ဒရိုက်ဘာနဲ့လိုက်ခဲ့လိုက်ပါ
ကုမ္မဏီအထိကိုယ်လိုက်ပို့ပေးမယ်"*တကယ်ရော ဆန္ဒရှိလို့လား*
"ကိုယ်စိတ်ထဲကမပါရင်ဘာမှမလုပ်တက်တာ
မြောင်ဂျူသိပါတယ် ဒါပဲကိုယ်မအားလို့"ဖုန်းချ ပြီးနောက် ခေါင်းကဆံပင်တွေကို
ထိုးဖွပစ်လိုက်သည်။
စိတ်ရှုပ်မိတာတော့အမှန်ပင်။
သူမအပေါ်မိတ်ဆွေလိုသတ်မှတ်ပေမဲ့ ပန်းလေးအထင်လွဲမှာမျိုးတော့ မလိုချင်။
အတက်နိုင်ဆုံး မတွေ့အောင်ရှောင်ချင်သည်။