သူ……
"ဗျာ……ဆေးရုံအုပ် တကယ်ပြောနေတာလား"
*………*
"ဟုတ်ပြီ ကျနော်အခုလာခဲ့မယ်
သူဘာမှထပ်မဖြစ်စေနဲ့"ဖုန်းချ ပြီးသည်နှင့် ဘေးနားကိုကြည့်တော့ မြောင်ဂျူနဲ့ဂျောင်ဆူးက နားစွင့်နေကြသည်။
"ဆယ်ဟွန်းသတိရပြီတဲ့လား ဂျုံအင်"
ဂျောင်ဆူးအမေးကို ခေါင်းငြိမ့်ပြပြီး မြောင်ဂျူ့ကိုကြည့်လိုက်သည်။
အားငယ်နေသည့် သူမမျက်လုံးတွေက ကိုယ့်ကိုသွားစေချင်ဟန်မတူ။
သို့ပေမဲ့ ကိုယ်သွားမှဖြစ်လိမ့်မည်။
ကိုယ်ဆယ်ဟွန်းသတိပြန်ရလာဖို့ကို ဘယ်လောက်အထိ တမ်းတနေခဲ့ရလဲဆိုတာ ကိုယ်သာအသိဆုံးဖြစ်သည်။"မြောင်ဂျူ …… ကိုယ်မနက်ဖြန်မှ ထပ်လာခဲ့မယ်
ဒီမှာလူကြီးတွေလဲရှိတာမို့ စိတ်မပူနဲ့နော်""တစ်ညလုံး မြောင်ဂျုကိုတစ်ယောက်ထဲထားခဲ့မှာလား ဂျုံအင် မိတ်ဆွေတစ်ယောက်အနေနဲ့တောင်
ရှိမနေပေးနိုင်ဘူးလား""တောင်းပန်ပါတယ်
ကိုယ်အခုတော့ သွားမှဖြစ်မှာမို့ပါ
ညည့်မနက်ခင် ကိုယ်ပြန်လာပေးပါ့မယ်"ထိုအခါမှ သူမကဝမ်းသာသလိုဖြစ်သွားပြီးပြုံးကာ
ခေါင်းငြိမ့်ပြသည်။"သွားရအောင် ဂျောင်ဆုး"
"အေးအေး မြောင်ဂျူရှိ ကျနော်တို့ကိုခွင့်ပြုပါအုံး"
"ဟုတ်ကဲ့"
နှုတ်ဆက်နေသည့် ဂျောင်ဆူးလက်ကို အမြန်ဆဲထွက်လာခဲ့တော့သည်။
ကိုယ်ပန်းလေးကို တွေ့ချင်လွန်းလှပြီဖြစ်သည်။
ကားပေါ်ရောက်သည်နှင့်ချက်ချင်းမောင်းထွက်ခဲ့တော့သည်။"ဖြေးဖြေးမောင်းပါကွာ ခါးပတ်လေးတော့ တပ်ပါရစေအုံး"
"ကားပေါ်ရောက်နေပြီပဲ အေးဆေးပတ်
စကားမများနဲ့ ဂျောင်ဆူး""ဂျုံအင် အရှိန်အရမ်းများတယ် လျော့အုံး
ငါမသေချင်သေးဘူး အိမ်ထောင်ပြုရအုံးမယ်""ပူမနေနဲ့ မင်းကိုချန်းယောလ်ယူလိမ့်မယ်"
"အဲ့ကောင်နဲ့နောက်မှညားမယ်
လောလောဆယ်မင်းကားကိုအရှိန်လျှော့
တော်ကြာတိုက်မိကုန်လိမ့်မယ်"