Ep 45

1.3K 114 15
                                    

သူ......

"ကိုယ် စဉ်းစားပါရစေအုံး"

"မဖြစ်နိုင်တာကို တောင်းဆိုမိမှန်းသိပါတယ်
ဒါပေမဲ့ မြောင်ဆူကို နည်းနည်းလေးတော့ ငဲ့ပေးပါ တစ်ခေါက်လောက်လေးပဲ
လိုက်တွေ့ပေးပါ"

ဆေးရုံအထိရောက်လာပြီး ဒူးထောက်ကာ
မြောင်ဆူကို တွေ့ပေးဖို့တောင်းဆိုနေသော ဆိုးဒယ်ယောင်း။

"ခင်ဗျား ခိုင်းချင်တာခိုင်းပါ
ကျနော်လုပ်ပေးပါ့မယ် မြောင်ဆူကိုပဲ လိုက်တွေ့ပေးပါ"

"ထပါတော့ မင်းဒူးထောက်နေတာ
အမြင်မတော်ပါဘူး မြောင်ဆူကို တွေ့ဖို့ကိုယ်လိုက်ခဲ့ပေးပါ့မယ်"

"ဗျာ ခင်ဗျားတကယ်ပြောနေတာလား
ကျေးဇူးတင်ပါတယ် တကယ်ကျေးဇူးတင်ပါတယ်"

"ဒါပေမဲ့......အခုတော့မဟုတ်ဘူး
ဟွန်းသတိရလာတဲ့အချိန်မှ
အဲ့လောက်တော့ မင်းလဲနားလည်မှာပါ
ကိုယ်ချစ်တဲ့သူကို မြောင်ဆူက ထိခိုက်အောင်လုပ်ခဲ့တဲ့အတွက် ကိုယ်လဲဒီလောက်တော့ ဒဏ်ခတ်သင့်တယ်မဟုတ်လား"

"ကျနော်နားလည်ပါတယ်
ခင်ဗျားယောကျာ်း အမြန်ဆုံးနေကောင်းစေဖို့လဲ
ဆုတောင်းပေးပါတယ် မြောင်ဆူလုပ်ခဲ့တာတွေအတွက်လဲ တကယ်တောင်းပန်ပါတယ်"

"မလိုပါဘူး မင်းပြောစရာကုန်ရင်
ပြန်တော့ ကိုယ်ဆရာဝန်နဲ့သွားတွေ့ရအုံးမှာမို့"

"ဟုတ် ဒါဆိုကျနော်ပြန်လိုက်ပါ့မယ်"

ဆိုးဒယ်ယောင်းပြန်သွားပြီးနောက် ကိုယ်ပန်းလေးအနားတိုးကာ လက်လေးတွေကို ဆုပ်ကိုင်ထားလိုက်သည်။

"မောင် အခုလို ဆုံးဖြတ်လိုက်လို့
ပန်းလေးစိတ်ဆိုးနေမလား ပန်းလေးကအဲ့ဒီမိန်းကလေးကို မုန်းနေမယ်ဆိုတာ မောင်သိပါတယ်
ဒါပေမဲ့လဲ စိတ်ဝေဒနာရှင်တစ်ယောက်ကို မောင်တို့ အတက်နိုင်ဆုံး ခွင့်လွတ်သင့်တယ်မဟုတ်လား"

"စိတ်ချပါ ပန်းလေးနေကောင်းလာမှ
မောင်သူ့ကိုသွားတွေ့မှာပါ......
မောင်ကပန်းလေးကိုပဲ အသက်ထက်တန်ဖိုးထားတာ ယုံတယ်မို့လား မောင်မြောင်ဆူအပေါ်
ဘာခံစားချက်မှမရှိပါဘူး ဒီအတိုင်း မရှိတော့တဲ့ မြောင်ဂျူကို ငဲ့ပေးတာပါ"

HE✨သူ (Completed)Donde viven las historias. Descúbrelo ahora