Ep 34

609 74 19
                                    

သူ……
            

"အားရှီး……သေပါပြီ……
ဘယ်လိုတောင်အိပ်နေတာတုန်း"

ဗိုက်ပေါ်ခြေထောက်တင်ကာ ရင်ဘတ်ကို လက်နဲ့ဖိထားသည့် မေတ္တာတုံးကောင်အား မရမကတွန်းဖယ်လိုက်ရသည်။

ညကလဲ တစ်ညလုံး ကောင်းကောင်းမအိပ်ရ။
(🙄)
သကောင့်သားလက်တွေခြေထောက်တွေကို မကြာခဏထဖယ်နေရသည်လေ။
မနက်နောက်ကျတဲ့ထိအိပ်မယ်လို့တွေးထားသော်လည်း အကျင့်မကောင်းသည့် မျက်လုံးက
စောစောပွင့်လာရသည်။

အိပ်ယာထပြီး သက်ပြင်းချရင်း ခေါင်းကဆံပင်မဖြစ်စလောက်လေးကိုဖွပစ်လိုက်သည်။

"စိတ်ချမ်းသာတယ်……ငါတကယ်စိတ်ချမ်းသာတယ်"

သေလူကြီးလို ဆန့်ဆန့်ကြီးအိပ်နေသည့်
ချန်းယောလ်ကိုကြည့်ရင်းပြောမိခြင်း။
စိတ်ချမ်းသာတာပေါ့။
ကိုယ်ချစ်တဲ့သူကိုဘေးနားထပြီး အိပ်ယာထရတာ ဘယ်လောက်ကြည်နူးဖို့ကောင်းလဲ။

"အချစ်"

"အမလေးဗျ"

မလန့်ဘဲရှိမလား။ ကျနော်ကသူ့ကြည့်ပြီး တွေးနေတာလေ။ ဒါကိုမပြောမဆို မျက်လုံးကြီးဖွင့်ပြီးခေါ်လိုက်တာကို။

"အား…လန့်လိုက်တာကွာ
စောစောစီးစီး မအော်စမ်းနဲ့"

"မင်းက ရုတ်တရက်ကြီးမျက်လုံးဖွင့်လာတာကိုကွ "

"ကိုယ့်ကို တစိမ့်စိမ့်ထိုင်ကြည့်နေတယ်ဆိုပါတော့"

"wtf မင်းကိုတစိမ့်စိမ့်ကြည့်လို့
ဘာအကျိုးထူးမှာလဲ စကားလာမများနဲ့
စိတ်ကသိပ်ကြည်တာမဟုတ်ဘူး"

"ဘာဖြစ်လို့တုန်း"

"ငါညက ကောင်းကောင်းမအိပ်ရဘူးလေ
မင်းကြောင့်……"

"ဟင်……ငါမင်းကိုဘာမှမလုပ်ဘူးလေ"

ဇီးကွက်မျက်လုံးလိုပြူးကာ ထအော်သော
ပတ်ချန်းယောလ်အား ကျနော်ခေါင်းကိုနှစ်ချက်လောက်ပိတ်ရိုက်ပစ်လိုက်တော့သည်။

"အ……ဘာလို့ရိုက်တာလဲ
ငါဘာမှားလို့လဲ"

"အဲ့ဒီခေါင်းက မဟုတ်တာပဲတွေးနေ
ငါပြောတာ မင်းခြေထောက်တွေ လက်တွေ ငါ့ပေါ်တင်လို့ အိပ်မရဘူးပြောတာ နှာဘူးကောင်ရဲ့"

HE✨သူ (Completed)Where stories live. Discover now