🍃 2 🍃

4.2K 219 1
                                    

Zawgyi

နောက်နေ့မနက် သက်တန့် နိုးသည်နှင့် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

ထမင်းစားခန်းတွင် ဒယ်ဒီနှင့်မာမီ အတူတူထိုင်နေကြသော်လည်း ပျော်ရွှင်မှုဟူသည် ဗလာနတ္တိ။

"မောနင်း ဒယ်ဒီနဲ့မာမီ"

တိတ်ဆိတ်နေသော ဝန်းကျင်ကို သက်တန့် အနည်းငယ် မြူးသောအသံဖြင့် ဖြိုခွင်းလိုက်သည်။

"သား ထိုင်"

သက်တန့်အား အမြဲပြုံးကာပြတတ်သော မာမီသည် ယခုတော့ ဟန်တောင်မလုပ်နိုင်တော့။သက်တန့်ကို လိုက်ကြည့်နေသော မိဘများအား ဘာမှမပြောပဲ ကော်ဖီကိုသာ ငှဲ့ထည့်နေလိုက်သည်။

"သား...ဆုံးဖြတ်ချက်ကသေချာပြီးလား"

မနေနိုင်သော ဒယ်ဒီကမေးလာသဖြင့် သက်တန့် ကော်ဖီပူလေးကို တစ်ငုံသောက်ရင်း...။

"သေချာပါတယ်ဒယ်ဒီ။သားအရွယ်ကလည်း လက်ထက်သင့်နေပြီးလေ။အတိတလင်းယူမှာပဲ။ သူသားကိုဘာမှမလုပ်လောက်ပါဘူး"

သက်တန့်အဖြေကြောင့် ဒယ်ဒီကသက်ပြင်းအသာချရင်း...။

"ဒယ်ဒီကြောင့် သားအခုလို့ဖြစ်ရတာ"

ဒယ်ဒီစကားကြောင့် မာမီကပါ မျက်ရည်ဝေ့လာသဖြင့် သက်တန့် အရယ်အနည်းငယ်စွတ်ကာ...။

"ကဲပါ ဒယ်ဒီနဲ့မာမီ သူသားကိုမချစ်ဘဲနဲ့တော့ လက်မထက်ပါဘူး"

"သားရယ် မာမီသေတာသေလိုက်ချင်တယ်"

ကြိတ်မနိုင်ခဲမရ လေသံဖြင့် ပြောလာသောမာမီရဲ့လက်အား သက်တန့်ဆုပ်ကိုင်ရင်း...။

"သားငယ်ငယ်ကမာမီကိုယ့်ကိုယ်ကိုယ်သက်သေတဲ့သူတွေတွေ့ရင်းပြောခဲ့တဲ့စကားတစ်ခွန်းရှိတယ်လေ။ ဘဝကိုသေဆုံးခြင်းနဲ့အရှုံးပေးမှာထက်စာရင် ရှင်သန်ပြီးတော့အနိုင်ယူဆို...အခုမာမီအရှုံးပေးတော့မလို့လား။သေကွဲထက်စာရင်ရှင်ကွဲကတော်ပါသေးတယ်မာမီ"

"ဟုတ်ပါတယ်မြင့်ရယ် ကိုယ်သူ့စီကလုပ်ငန်းတွေပြန်ရရင် သားကိုပြန်ခေါ်လို့ရတာပဲ"

သက်တန့်ရော ဒယ်ဒီရဲ့အပြောကြောင့်ပါ မာမီရဲ့မျက်ဝန်းတို့ ပြန်တောက်ပလာခဲ့ရ၏။

ဂုဏ် ရောင် ဝါ [Completed]Dove le storie prendono vita. Scoprilo ora