🍃 5 🍃

3.1K 179 0
                                    

Zawgyi

အသစ်တဖန် ထွက်ပေါ်လာသော နေမင်းသူရိန် နှင့်အတူ ကောင်လေးနှစ်ယောက်ရဲ့ မင်္ဂလာနေ့ အခမ်းအနားဟာ ကျရောက်လာခဲ့လေသည်။

"သတိုးသားလေးရဲ့ အသားအရေလေးကနုဖက်နေတာပဲ"

မိက်ကပ်ပြင်ပေးနေသူ တစ်ဦးရဲ့အပြောကို သက်တန့်ပြုံးသာ ပြလိုက်သည်။

"ဘာမှတောင်သိပ်ပြင်စရာမလိုဘူး သတိုးသား သာတွေ့လို့ကတော့မျက်လုံးပေါက်ထွက်မတတ်ကြည့်တော့မှာမြင်ယောင်မိတယ်"

"ဟုတ်ပ တော်ကြာအခြားသူတွေမပြချင်တော့ပါဘူးဆိုပြီး ခေါ်ပြေးနေမယ်"

သူတို့အချင်းချင်းပြောနေသော စကားကို သက်တန့် ပြုံး၍သာ နားထောင်နေလိုက်သည်။

"ကိုကို...အရမ်းချစ်ဖို့ကောင်းနေတာပဲ"

ထိုသို့ပြောသံနှင့်အတူ ဂုဏ်ကအခန်းထဲ ဝင်လာခဲ့သည်။အခန်းတွင်းလူများ၏ မျက်နှာများက ပြုံးစိစိ။

တစ်ပတ်လုံး ပျောက်နေသော ဂုဏ်ရဲ့ မျက်နှာအား သက်တန့် နောက်တစ်ကြိမ် တွေ့ရခြင်းဖြစ်သည်။

ဂုဏ်သည်လည်း သက်တန့်လို ဝတ်စုံ ဝတ်ထား၏။ချောမော ခန့်ညားသော ကိုယ်နေဟန်နှင့် မျက်နှာသွင်ပြင်ကြောင့် ဝတ်စုံက သူနှင့်အရမ်းကို လိုက်ဖက်နေသည်။

"သတိုးသားကသူ့ချစ်ချစ်လေးကိုကြည့်ဖို့မစောင့်နိုင်တော့ဘူးနဲ့တူတယ်"

"သေချာတာ​ပေါ့"

သက်တန့်ကို တည့်တည့်စိုက်ကြည့်ကာ ပြောလာပုံက အခြားသူများအမြင်တွင် ချစ်ခင်မြတ်နိုးဖွယ် ဖြစ်နေသော်လည်း သက်တန့်သည်တော့ ဂုဏ်မျက်ဝန်းထဲက မုန်းတီးမှုကို မြင်နေရသည်။

'ဂုဏ် မင်းသရုပ်ဆောင်ချင်ရင်ငါကူညီပေးမယ်'

သက်တန့်ရဲ့ မျက်ဝန်းကစကားတွေကို ဂုဏ်နားလည်မည်ဟု မျှော်လင့်လျက် ပြုံးပြလိုက်သည်။

"နှစ်ယောက်လုံးကိုမနှောက်ယှက်တော့ဘူး။ကဲ ကဲ သွားကြမယ်။နီးမှလာခေါ်မယ်နော်"

မိတ်ကပ်ပြင်နေသူများထဲမှ ခေါင်းဆောင်က ပြောပြောဆိုဆိုဖြင့် အခန်းတွင်းလူများအား ခေါ်ကာ ထွက်သွားလေသည်။အခန်းထဲတွင် ဂုဏ်နှင့် သက်တန့် နှစ်ဦးတည်းသာကျန်ခဲ့ကြသည်။

ဂုဏ် ရောင် ဝါ [Completed]Où les histoires vivent. Découvrez maintenant