🍃 18 🍃

2.5K 169 0
                                    

Zawgyi

"အကိုလေး ဧည်သည်ရောက်နေတယ်"

သက်တန့်အား လာပြောသော ကောင်မလေးတစ်ယောက်ကြောင့် သက်တန့် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

"မာမီ"

သက်တန့် မာမီအား ရုတ်တရက်တွေ့လိုက်ရသောကြောင့် အံ့သြစွာခေါ်လိုက်ရင်း မာမီဘေးတွင် ဝင်ထိုင်လိုက်သည်။

"အင်း သား"

သက်တန့်ကိုအပြုံးလေးနှင့် ကြိုနေသော မာမီ။

"သားစီလာလည်တာလား"

"ဟုတ်တယ် သားနေရတာအဆင်ပြေလား"

"ပြေပါတယ်မာမီ"

မာမီစကားကို သက်တန့် အသာပြုံးပြရင်း ဖြေလိုက်တော့ မာမီက သက်ပြင်းအသာချရင်း သည်းညူစွာပြောလာသည်။

"သားလေးလည်းပင်ပန်းနေရပြီး"

"မာမီကိုသား ခြံထဲလိုက်ပြမယ်လေ"

သက်တန့်၊မာမီကိုစကားလွှဲကာ ခြံထဲသို့ ခေါ်လာလိုက်သည်။

•••••••••••••••

R&S အဆောက်အအုံကြီးရှေ့။တန်ဖိုးကြီးသော ကားတစ်စီးသည် ထိုးရပ်သွားခဲ့၏။

ထို့နောက် ကားထဲမှ လူတစ်ယောက် ထွက်လာ၏။ထိုလူသည် ကားတစ်ဘက်ခြမ်းအား သွားကာ ကားတံခါးကို ဖွင့်ပေးလိုက်ချိန်။အနက်ရောင် ရှူးဖိနပ် ဝတ်ဆင်ထားသော ခြေထောက်တစ်စုံ ထွက်ပေါ်လာသည်။

သွားလာနေကြသူများက စပ်စုစွာနှင့် ရပ်ကြည့်နေကြ၏။ထွက်ပေါ်လာသော လူသည် အရှိန်အဝါတစ်မျိုး တောက်ပကာ ကြည့်ကောင်းနေသောကြောင့် ငေးမောကြည့်ရှူနေသူများက အများသား။

ထိုလူသည် အခြားမဟုတ် ဂုဏ်သာဖြစ်သည်။ဂုဏ်နောက်မှ ရွက်ဝါနှင့် ရသတို့လိုက်လာကာ အဆောက်အအုံအတွင်းသို့ ဝင်ရောက်သွားကြသည်။

ဂုဏ်တို့​ရောက်သွားသည်က အစည်းအဝေးမစခင် ၅မိနစ်အလို။ဂုဏ်တို့ဝင်သွားတော့ ငြင်းခုန်နေကြသော မြေခွေးအိုးကြီးများသည် တိတ်ဆိတ်လျက်။

"အစည်းအဝေး စလို့ရပြီး"

ဂုဏ် နေရာတွင် ဝင်ထိုင်ရင်း ပြောလိုက်ကာ သူတို့ပြောသမျှကို နားထောင်နေလိုက်သည်။

ဂုဏ် ရောင် ဝါ [Completed]Donde viven las historias. Descúbrelo ahora