Zawgyi
"ကိုကို့ကို မြင်မြင်ချင်း သဘောကျသွားမိလို့..."
သက်တန့်နားနား ကပ်ကာပြောလာသူကြောင့် ပါးပြင်တို့ နီရဲခဲ့ရသည်မှာ သက်တန့်သာဖြစ်သည်။
"..."
သက်တန့် ဘာပြောရမှန်း မသိ ဖြစ်နေမိတော့။သူက သက်တန့် ကိုယ်အား သူ့ဘက်ဆွဲလှည့်ရင်း၊ မျက်နှာအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ...။
"ကျွန်တော်ကဒီလိုပြောမယ်ထင်နေသလား။ ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးမနေပါနဲ့ ကိုသက်တန့်ရောင်၊ သေချာနားထောင်..."
ခက်ထန်မာကြောသော မျက်နှာ။စူးရှ၍ မုန်းတီးမှုတို့ ပြည့်နေသော မျက်ဝန်းညို တစ်စုံဖြင့် သက်တန့်မျက်ဝန်းများအား သေချာစိုက်ကြည့်ရင်း ပြောလာသည်က...။
"ခင်ဗျားကိုသိပ်မုန်းလို့"
ပြောကာထွက်သွားလေသော သူ့ရဲ့ကျောပြင်ကျယ်ကို ကြည့်ရင်း သက်တန့် အဖြေအားသိခဲ့လိုက်ပြီး။
"ကောင်းပြီးဂုဏ် မင်းသာသူဆိုရင် မင်းအမုန်းကိုငါခံပါမယ်"
သက်တန့်တီးတိုးရေရွတ်ရင်း ပြာလဲ့လဲ့ကောင်ကင်ပြင်ကို ကြည့်မိတော့။ကြည့်လင်သော ကောင်ကင်က ချက်ချင်းပင် မိုးရိပ်တို့ဆင်လျက် ငိုကြွေးလာကြ၏။
"....."
တစ်ကိုယ်တည်း ကြားယုံသာ တီးတိုးရေရွတ်ခဲ့သော သက်တန့်ရဲ့စကားတို့သည် မိုးရေများကြား ပျောက်ဆုံးခဲ့ရသည်။
မိုးရေစိုမရသော ကိုယ်ကြောင့် သက်တန့် အိမ်ထဲသာ ပြန်ဝင်လာလိုက်သည်။
"မိုးရေတွေစိုလာရလား လာ မာမီသုတ်ပေးမယ်"
အိမ်ထဲရောက်သည်နှင့် မာမီကသက်တန့်လက်ကို ဆွဲကာ အခန်းထဲခေါ်သွားရင်း အမြန်သုတ်ပေးသည်။
"သားရယ် မိုးရေစိုလို့မရဘူးဆိုတာ သိရဲ့သားနဲ့"
စိုးရိမ်ပူပန်မှုအပြည့်နှင့် ပြောနေသော မာမီကြောင့် သက်တန့်ပြုံးလိုက်မိသည်။
သက်တန့်ဘဝတွင် မာမီလို့မိခင်မျိုးအား ရရှိခြင်းကြောင့် အလွန်ကိုပျော်မိသည်။ဘယ်လို့ ဒုက္ခ၊အခက်အခဲ ရှိပါစေ မာမီရဲ့ သက်တန့်အပေါ်ဂရုစိုက်မှုက လျော့မသွားခဲ့။
YOU ARE READING
ဂုဏ် ရောင် ဝါ [Completed]
Romancecover by Cohen အမုန်းတရားတွေကနေ ဖြစ်ပေါ်လာတဲ့ လက်စားချေမှုရဲ့ အဆုံးသတ်က ဘာများဖြစ်လေမလဲ...။ ကျေးဇူးတရားကနေ ဖြစ်ပေါ်လာတဲ့ ဂရုစိုက်၊စောင့်ရှောက်မှုရဲ့ အဆုံးသတ်ကရော ဘာများဖြစ်လေမလဲ...။ Started date: :18.7.2021 End date: : 16.10.2021