🍃 4 🍃

3.1K 165 0
                                    

Zawgyi

အချိန်တွေက မြန်လွန်းလှသည်။သက်တန့် သူနဲ့ နောက်ဆုံးတွေ့ခဲ့သည်မှာ ငါးရက်မျှရှိပြီးဖြစ်သည်။နောက်နှစ်ရက်နေလျှင် သူနဲ့သက်တန့်တို့ရဲ့ လက်ထပ်ပွဲပင် ရောက်တော့မည်။

"အကိုလေးအောက်မှာလက်ထပ်ပွဲအတွက်ဝတ်စုံရောက်နေပြီး လိုတာပြင်ဖို့စမ်းဝတ်ကြည့်ရအောင်လာခေါ်တာ"

"အင်း လာမယ်"

သက်တန့် ပြန်ဖြေရင်း အနောက်ကလိုက်သွားလိုက်သည်။

ငါးရက်အတွင်း ဝတ်စုံရအောင် လုပ်နိုင်သောကြောင့် သူ့ရဲ့ အရှိန်အဝါမှာမသေး​ကြောင်း သက်တန့်သိလိုက်သည်။

သက်တန့်အောက်ရောက်တော့ သူ့တပည့်တစ်ယောက် နှင့်အတူ ရပ်နေသော လူသုံးယောက်။သက်တန့် ကိုယ်တိုင်းလာယူခဲ့သူကလွဲ အခြားသူများကို မသိ။သူ့ကိုရှာကြည့်တော့ မတွေ့။

"အကိုလေး သူဋ္ဌေး ကမအားလို့ မလာတာပါ"

သက်တန့်ရှာနေမှုအား သတိထားမိသော ရသခွန်း ကပြောလာတော့ သက်တန့်ပြုံးသာပြလိုက်သည်။

"အကိုနားလည်ပါတယ် ရသ"

သက်တန့်ထက် ငယ်သူဖြစ်သောကြောင့် ရသဟုသာ ခေါ်ဝေါ် သုံးစွဲလိုက်သည်။

"အကိုစမ်းဝတ်ကြည့်ပေးပါလား"

ရပ်နေသူ သုံးယောက်ထဲမှ ကောင်မလေးတစ်ယောက်က ခွင့်တောင်းသလို့ ပြောလာသဖြင့် သက်တန့်လည်း ဝတ်စုံကို ကြည့်လိုက်၏။

အဖြူရောင်ဝတ်စုံ။အမုန်းတရားတွေနဲ့ လက်ထပ်မဲ့ပွဲမှာ အဖြူသုံးသည်က ရယ်ချင်စရာတော့ ကောင်းသား။

ဝတ်စုံကသုံးထပ်။အောက်ဆုံးက shirt အင်္ကျီ။ထိုအပေါ်တွင် ကုတ်အောက်ခံ လက်ပြတ်ခါးတို ကိုယ်ကျပ်အင်္ကျီ (Waistcoat) ကိုထပ်ထား၏။အပေါ်ဆုံးက အဖြူရောင် ပိုးသားကုတ်အင်္ကျီ။

အဖြူရောင် ပိုးသားကုတ်အင်္ကျီကို ​ရွှေကြိုးများနှင့် ကနုတ်​ထိုးထားသည်။Waistcoat ကိုလည်း ပိုးသား အသုံးပြုထားခြင်း ဖြစ်သည်။ကြယ်​​စေ့များဘေးတွင် စိန်အစစ်များ အသုံးပြု၍ အလှဆင်ထားသည်။ ဖဲပြားတစ်ခုကိုလည်း လည်စည်းအနေနှင့် အသုံးပြုထား​၏။

ဂုဏ် ရောင် ဝါ [Completed]Where stories live. Discover now